တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်း၌ ရွှေ့ပြောင်းလှေတိမ်းမှောက်မှုဖြစ်ပွား၊ ၂၁ ဦး သေဆုံး

 

အစ္စတန်ဘူလ် မတ်  ၁၅


တူကီယဲနိုင်ငံ အီဂျီရန် ကမ်းရိုးတန်း၌ မတ် ၁၅ ရက်တွင် တရားမဝင် ရွှေ့ပြောင်းလှေတိမ်းမှောက်မှုဖြစ်ပွားသဖြင့် ၂၁ ဦးထက်မနည်းသေဆုံး ကြောင်း အစိုးရပိုင် တီအာတီရုပ်သံလိုင်းမှ ထုတ်ပြန်ထားသည်။
ကန်နက်ကဲလ်ပြည်နယ် အနောက်မြောက်ပိုင်း အီကဲဘက်ခရိုင် ကမ်းရိုးတန်း၌ တရားမဝင်လှေတစ်စင်းတိမ်းမှောက်ပြီး နစ်မြုပ်သွား ခဲ့ကြောင်း သိရသည်။
ရဟတ်ယာဉ်နှစ်စင်းနှင့် ကမ်းရိုးတန်းစောင့် ကယ်ဆယ်ရေးသင်္ဘော ၁၀ စင်းဖြင့် အခင်းဖြစ်ပွားရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ပြီး   လူလေးဦးကို   ကယ်ဆယ်နိုင်ခဲ့ကြောင်း ကန်နက်ကဲလ်ပြည်နယ်အုပ်ချုပ်ရေးမှူး  အီဟမ်မီ  အက်ခ်တက်စ်၏ ပြောကြားချက်ကို ကိုးကားပြီး တီအာတီက ပြောကြားသည်။ လှေတိမ်း မှောက်မှုကြောင့် ပျောက်ဆုံးနေသူအရေအတွက်ကို တိတိကျကျ မသိရှိ ရသေးပေ။                                        

ဆင်ဟွာ