တတိယမြောက်ချားလ်ဘုရင်၏ နန်းတက်ပွဲကို မေလအတွင်းကျင်းပသွားမည်

 

လန်ဒန်   အောက်တိုဘာ   ၁၂


ဗြိတိန်ဘုရင်    တတိယမြောက်     ချားလ်ဘုရင်၏ နန်းတက်ပွဲကို လာမည့်နှစ်မေလတွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ ချားလ်ဘုရင်သည် မယ်တော် အဲလိဇဘတ် ၂   ဘုရင်မကြီး  ကွယ်လွန် ပြီးနောက် စက်တင်ဘာ  ၈  ရက်တွင်  ထီးနန်းကို ဆက်ခံခဲ့သည်။ 

 


နန်းတက်ပွဲ အခမ်းအနားကို မေ ၆ ရက်တွင် လန်ဒန်မြို့ ဝက်မင်စတာ  အက်ဗေး၌ ကျင်းပသွား မည်ဟု ဘာကင်ဟမ်နန်းတော်က  အောက်တိုဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။ 

 


ကမ္ဘာအနှံ့အပြားမှ      ဂုဏ်သရေရှိလူကြီးမင်း များသည်    အဆိုပါအခမ်းအနားသို့    တက်ရောက် ရန်    မျှော်မှန်းထားသည်။   ချားလ်ဘုရင်သည် ကြင်ရာတော်  မိဖုရား  ကင်မီလာနှင့်အတူ သရဖူ ဆောင်း     အခမ်းအနား       ပြုလုပ်သွားမည်ဖြစ် သည်။ 


အင်န်အိတ်ချ်ကေ