
နေပြည်တော် ဩဂုတ် ၁၁
၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပရန်လျာထားသည့် တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးမှုအစီအစဉ်ကို စက်တင်ဘာလအတွင်း ကျင်းပနိုင်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်း စီစဉ်ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးကောင်စစ်ဝန် ဖြစ်သူ Mr. Andrei Iunak တို့က ဗီဒီယိုကွန်ဖရင့်ဖြင့် ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ထိုသို့ဆွေးနွေးရာတွင် ဒုတိယဝန်ကြီးက ၂၀၂၁ ခုနှစ် ဇွန်လ စတုတ္ထရက်သတ္တပတ်အတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ နိုင်ငံတော် ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ် အတွင်း ဆွေးနွေးညှိနှိုင်းခဲ့သည့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးကိစ္စရပ် များကို ဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပရန် လျာထား သည့် တတိယအကြိမ် ရုရှား-မြန်မာ အစိုးရ အချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးနှင့် စက်တင်ဘာလအတွင်း ပြုလုပ်မည့် နှစ်ဖက်စီးပွား ရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးမှု အစီအစဉ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့် ဦးစားပေးနယ်ပယ်များ အပါအဝင် အဆိုပါ အစည်းအဝေးများသို့ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအစုံမှ တာဝန်ရှိသူများ တက်ရောက်နိုင်ရန် ဖိတ်ကြား ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးကောင်စစ်ဝန် Mr. Andrei Iunak က နှစ်နိုင်ငံအကြား တတိယအကြိမ် ကော်မရှင် အစည်းအဝေးနှင့် နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင် များအချင်းချင်း တွေ့ဆုံဆွေးနွေးမှုအစီအစဉ်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်မှ ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အဓိက စိတ်ဝင်စား သည့် နယ်ပယ်များနှင့်သက်ဆိုင်ရာ ရုရှားစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရေး ကြိုတင် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေး ပြောကြားသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန တာဝန်ရှိသူ များနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အာရှဒေသဆိုင်ရာ ကုန်သည်နှင့် စက်မှုလုပ်ငန်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ဒုတိယအကြီးအကဲ Professor Mr. Vadim Saltykoskiy တို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်