တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဖိလစ်ပိုင်သမ္မတ မားကို့စ်တို့ ပထမဆုံးအကြိမ်တွေ့ဆုံ

 

ဘန်ကောက်  နိုဝင်ဘာ  ၁၈


တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ၏ ဆက်ဆံရေးသည် မြင့်မားသည့်မဟာဗျူဟာတစ်ခုအဖြစ်  အမြဲရှုမြင် ကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က (၂၉) ကြိမ်မြောက် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး၏ သီးသန့်အစည်းအဝေး၌ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် ရိုမူဒက်ဇ် မားကို့စ်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ 

 


နှစ်နိုင်ငံစလုံးသည်    ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်လိုအပ်ပြီး   ပြည်သူများ၏  အကျိုး စီးပွားအတွက်  ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်  လိုအပ်ကြောင်း၊ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီး ပြီး     ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားသည်။ 

 


သံတမန်ဆက်ဆံရေး      ထူထောင်ချိန်မှစကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည်  အရှိန်အဟုန် ဖြင့် တိုးတက်ခဲ့ကြောင်း၊  တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီ ပေးခြင်းဖြင့်  ဖိလစ်ပိုင်နိုင်ငံ၏   အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးတွင်   အရေးကြီးသည့်   ပံ့ပိုးကူညီမှု များကို လုပ်ဆောင်ခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်က ပြောကြာသည်။       ဖိလစ်ပိုင်နိုင်ငံသည်   တရုတ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင် ရန်နှင့် ပင်လယ်ရေကြောင်းမှ ရေနံနှင့်  သဘာဝဓာတ်ငွေ့ အရင်းအမြစ်များ  ပူးပေါင်းရှာဖွေရေး    နည်းလမ်းများ ရှာဖွေရန် အဆင်သင့်ဖြစ်ကြောင်း မားကို့စ်က ပြော ကြားသည်။  သမ္မတနှစ်ဦး  တွေ့ဆုံဆွေးနွေးမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။        

       
ဆင်ဟွာ