တရုတ်သမ္မတ ရှီကျင့်ဖျင် အေပက်အစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိ

 

ဘန်ကောက်   နိုဝင်ဘာ   ၁၇


တရုတ်သမ္မတ   ရှီကျင့်ဖျင်သည် (၂၉) ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင် များ   အစည်းအဝေးသို့    တက် ရောက်ရန် နိုဝင်ဘာ ၁၇ ရက်တွင် ထိုင်းနိုင်ငံသို့        အလည်အပတ် ရောက်ရှိနေကြောင်း      ဆင်ဟွာ က ဖော်ပြသည်။

 


တရုတ်သမ္မတရှီနှင့်  ၎င်း၏ ဇနီး ပန်လီယွမ် တို့ လိုက်ပါလာ သည့် လေယာဉ်သည် ဘန်ကောက် မြို့ရှိ      သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိချိန်တွင်     ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ သည် ဒုတိယဝန်ကြီးနှင့် နိုင်ငံခြား ရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနန်နှင့်  ယဉ်ကျေးမှုဝန်ကြီး       အီသီဖွန်း ခန်းပူအန် နှင့် ၎င်းတို့၏ဇနီးများက  ရင်းရင်းနှီးနှီးကြိုဆိုကြသည်။

 


တရုတ်သမ္မတရှီသည် ဂျီ-၂၀  ထိပ်သီးအစည်းအဝေး      တက် ရောက်ပြီးနောက် ဘန်ကောက်မြို့ သို့ ရောက်ရှိလာသည်။  

ဆင်ဟွာ