တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်သန်း ထပ်မံရောက်ရှိ

နေပြည်တော်   ဩဂုတ်   ၈

 


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်သန်းအနက် ဒုတိယအသုတ်အဖြစ် တင်ဆောင်လာသော ကာကွယ်ဆေး တစ်သန်းသည် Air China လေယာဉ်ဖြင့် ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။      

 

 


အဆိုပါကာကွယ်ဆေးများကို ရန်ကုန်တိုင်း ဒေသကြီး   မရမ်းကုန်းမြို့နယ်  မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၌ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့်   ပြည်နယ်အလိုက်    ဖြန့်ခွဲ ပို့ဆောင်ကာ   လူဦးရေ၊  ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍  ပြည်သူ့ဆေးရုံနှင့် ကာကွယ်ဆေးထိုး စုရပ်များတွင် National  Development Plan အရ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 


အဆိုပါ  ကာကွယ်ဆေးများကို  ကျန်းမာရေး

 


ဝန်ကြီးဌာန   ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး    ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး     ဒေါက်တာထွန်းမင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌    လက်ခံရယူခဲ့ကြ ကြောင်း သိရသည်။  

 


သတင်းစဉ်