တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ လေးသန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၁၅


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး၂၄ သန်း doses ကို စာချုပ်ချုပ်ဆို  ဝယ်ယူထားသည့်အနက်  ကာကွယ်ဆေး လေးသန်း doses သည်   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့   ယနေ့ ညနေ ၆ နာရီတွင်   ထပ်မံရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူသည်။

 


အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်သည်။    

 


ကိုဗစ်-၁၉  ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသ ကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေး လျက်ရှိရာ   အောက်တိုဘာ  ၁၄  ရက်အထိ လူဦးရေစုစုပေါင်း ၁၀ ဒသမ  ၉   သန်းကို  ထိုးနှံပေးပြီး ဖြစ်၍     ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၄ ဒသမ ၃ သန်းနှင့်  ပထမအကြိမ် ထိုးနှံ ပြီးစီးသူ  ၆  ဒသမ ၆ သန်း ရှိပြီ ဖြစ်သည်။

 


သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၄  ရက်အထိ  မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၁၅ ဒသမ ၂) သန်း ထိုးနှံပြီးဖြစ်သည်။
မိဘပြည်သူများအနေဖြင့် မိမိ အတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက် မကွက် အကြိမ်ပြည့်ထိုးနှံမှု ခံယူ ခြင်း၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံမှု  ရရှိထားသူများအနေဖြင့် လည်း ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ် ကာလအတွင်းတွင်       နီးစပ်ရာ ကာကွယ်ဆေးထိုး  စုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး   လုပ်ငန်းများ တွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန်  တိုက်တွန်း နှိုးဆော်ထားသည်။  


သတင်းစဉ်