
မိဘပြည်သူများအနေဖြင့် နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်
နေပြည်တော် စက်တင်ဘာ ၂၆
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိ သည်။ ထိုသို့ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ် ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ် ချုပ်ဆိုဝယ်ယူထား သည့်အနက် ကာကွယ်ဆေးအကြိမ်ရေ လေးသန်း သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ညနေ ၅ နာရီခွဲတွင် ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူ ခဲ့သည်။
အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်း ခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်သည်။
ယခုရောက်ရှိလာသော ကာ ကွယ်ဆေးများကို မူလဦးတည် အုပ်စုများနှင့် ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအား ဦးစားပေး အစီအစဉ်များအလိုက် ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်သည်။
ယနေ့အထိ ကာကွယ်ဆေး များ ရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ် ယူထားသော COVISHIELD နှစ်သန်း၊ Sinopharm ၁၀ သန်း၊ Sinovac နှစ်သန်း စုစုပေါင်း ၁၄ သန်း doses ရောက်ရှိပြီးဖြစ် သည်။
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုရရှိထားသူ များအနေဖြင့်လည်း ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် သို့မဟုတ် အနီးဆုံး သတ်မှတ်ကာလအတွင်း တွင် နီးစပ်ရာ ကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှု ခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက် တွန်းနှိုးဆော်ထားသည်။
သတင်းစဉ်