တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm သုံးသန်း doses နှင့် ဆေးထိုးအပ် သုံးသန်း လွှဲပြောင်းလက်ခံပွဲ ကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ    ၁၉


တရုတ်ပြည်သူ့    သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့     လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm သုံးသန်း doses နှင့် ဆေးထိုးအပ် သုံးသန်းတို့သည် ယနေ့နံနက် ၇ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်သို့ ရောက်ရှိခဲ့ပြီး လွှဲပြောင်းလက်ခံ ခြင်း    အခမ်းအနားကို   ရန်ကုန် အပြည်ပြည်ဆိုင်ရာ   လေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမ ဆောင်၌ ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တို့ တက်ရောက်ကြသည်။ 

 


အခမ်းအနားတွင်     တရုတ် သံအမတ်ကြီးက  ယခုလှူဒါန်း သော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများသည်   မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ  အပိုဆောင်း ကာကွယ်ဆေးထိုး  လုပ်ငန်းများ အတွက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ၏    ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက်    စဉ်ဆက် မပြတ်ကူညီပေးလျက်ရှိရာ မြန်မာ နိုင်ငံ၏ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာနှင့် ကျန်းမာ ရေးဝန်ထမ်း  သင်တန်းပို့ချရေး စင်တာများ တည်ဆောက်ရာတွင် လည်း အကူအညီပေးလျက်ရှိပါ ကြောင်း၊  အဆိုပါ   စင်တာများ ဆောက်လုပ်ပြီးစီးပါက    မြန်မာ နိုင်ငံ၏ ဇီဝလုံခြုံမှုဆိုင်ရာ သုတေ သနပြုမှုကို အဆင့်မြှင့်တင်ပေး နိုင်မည့်အပြင်   ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအတွက် များစွာ အထောက်အကူပြုမည်ဟု မျှော် လင့်ပါကြောင်း၊ တရုတ်နိုင်ငံအနေ ဖြင့်   ပြည်သူသည်သာ   အဓိက၊ အသက်သည်သာ အဓိကဆိုသည် ကို လက်ကိုင်စွဲ၍ ပြည်သူများ၏ ကျန်းမာရေးနှင့်   ဘေးကင်းလုံခြုံ ရေးအတွက် ကာကွယ်ပေးရေးနှင့် ကပ်ရောဂါကြောင့်    လူမှုစီးပွား တိုးတက်မှု  အဟန့်အတားမဖြစ် စေရေးကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဆက်လက်၍  တရုတ်-အာဆီယံ   ကျန်းမာရေးအသိုက် အဝန်းနှင့်       တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း ကို အတူတကွတည်ဆောက်သွား ရန်    မျှော်လင့်ပါကြောင်း  ပြော ကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ၂၀၂၃ ခုနှစ်အကုန်တွင် ဖွင့်လှစ်နိုင်ရေး   ရည်မှန်းဆောင် ရွက်နေသည့်     မြန်မာကူးစက် ရောဂါတိုက်ဖျက်ရေးဗဟိုဌာနနှင့် ကျန်းမာရေး ဝန်ထမ်းသင်တန်း ပို့ချရေးစင်တာများကို    တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထောက်ပံ့ ပေးနေမှုများကို    ကျေးဇူးတင်ရှိ ကြောင်း မှတ်တမ်းတင်ပြောကြားလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့်   ကိုဗစ်-၁၉   ကပ် ရောဂါ အပါအဝင် အခြားကူးစက် ရောဂါများ     တိုက်ဖျက်နိုင်ရေး အတွက်   အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံဖြစ်သည့်    တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်လက် ပူးပေါင်း လက်တွဲဆောင်ရွက်သွား မည့်အကြောင်း    ထပ်လောင်း ပြောကြားလိုပါကြောင်း၊    ယခု တရုတ်ပြည်သူ့    သမ္မတနိုင်ငံမှ လှူဒါန်းသည့်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး     သုံးသန်းကို ကျောင်းနေအရွယ်    ကလေးများ၊ နာတာရှည်    ရောဂါအခံရှိသော အသက်အရွယ်   ကြီးသူများကို ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ မှုအနေဖြင့်      အသုံးပြုသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံသည့် မှတ်တမ်း အား     နှစ်နိုင်ငံအပြန်အလှန် လက်မှတ်ရေးထိုး၍ ပြည်ထောင်စု ဝန်ကြီးက   ကျေးဇူးတင်ဂုဏ်ပြု လွှာကို    ပြန်လည်ပေးအပ်ခဲ့ပြီး လှူဒါန်းထားသည့် ကာကွယ်ဆေး များကို      လှည့်လည်ကြည့်ရှု စစ်ဆေးကြကာ    မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး  အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 


ထို့နောက်   ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်အတွင်း ပြည်ပ ဆိုက်ရောက်     ခရီးသည်များကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာ ရေးစစ်ဆေးနေမှုဖြစ်သည့် Ther-mal scanner ဖြင့် ကိုယ်အပူချိန် တိုင်းတာခြင်း၊ ပြည်ပဆိုက်ရောက် ခရီးသွားများက ကျန်းမာရေးမှတ် တမ်း   (Health Declaration card) ဖြည့်သွင်းနေမှုကို ကျန်းမာ ရေးဝန်ထမ်းများက     အချက် အလက်များ  ပြည့်စုံမှန်ကန်မှု  ရှိ မရှိစစ်ဆေးနေမှုအား    လိုက်လံ ကြည့်ရှုစစ်ဆေးကာ    လိုအပ် သည်များကို မှာကြားခဲ့ကြောင်း  သိရသည်။                

သတင်းစဉ်