
နေပြည်တော် ဇူလိုင် ၂၄
တရုတ်နိုင်ငံအစိုးရမှ လှူဒါန်းသည့် ကိုဗစ်- ၁၉ ကာကွယ်ဆေး နှစ်သန်းအနက် တတိယအသုတ် Sinopharm ကာကွယ်ဆေး ၇၃၆၀၀၀ နှင့် ဆေးထိုးအပ် ၈၄၈၀၀၀ တို့ တင်ဆောင်လာသော Air China လေယာဉ်သည် ယနေ့ ညပိုင်း တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
အဆိုပါလေကြောင်းဖြင့် ရောက်ရှိလာသည့် ကိုဗစ်- ၁၉ ကာကွယ်ဆေး များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံရယူခဲ့သည်။
ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူဦးရေ၊ ရောဂါဖြစ်ပွားမှုအပေါ်မူတည်၍ ပြည်သူ့ဆေးရုံ များနှင့် ကာကွယ်ဆေးထိုးစုရပ်များတွင် National Development Plan အရ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်