
နေပြည်တော် မေ ၁၉
တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ထပ်မံလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းအနက် ပထမအသုတ် ပေးပို့သည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ငါးသန်း doses နှင့် ဆေးထိုးအပ် နှစ်သန်းတို့သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ယနေ့ နေ့လယ်ပိုင်းတွင် ဒုတိယ အသုတ် ဆေးထိုးအပ် ငါးသန်း ရန်ကုန်မြို့သို့ ဆက်လက်ရောက်ရှိ သည်။ (အောက်ပုံ)
အဆိုပါ ဆေးထိုးအပ်များ သယ်ဆောင်လာသော Sichun Airline သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချန်ဒူးလေဆိပ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရှိ တာဝန်ရှိသူများက လက်ခံရယူကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းအနက် ကျန်ရှိသော ဆေးနှင့် ဆေးထိုးအပ်များအား မေ ၂၈ ရက် နှင့် ၂၉ ရက်တို့တွင် ဆက်လက် ရောက်ရှိမည် ဖြစ်ကြောင်းနှင့် ယနေ့ရောက်ရှိလာသည့် ဆေးထိုး အပ်များအား မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင်ခန်းသို့ မော်တော်ယာဉ် များဖြင့်ပို့ ဆောင်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရ သည်။
သတင်းစဉ်