တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ပြည်သူများက မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အရည် ၂၅ တန် လှူဒါန်း

 

မန္တလေး   အောက်တိုဘာ   ၁၈ 


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တို့၏ကြီးကြပ်မှု၊ ပြည်သူ့ကျန်းမာ ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီအစီအစဉ်ဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ   ယူနန်ပြည်နယ်ပြည်သူများ က    မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အရည်  ၂၅ တန်   လှူဒါန်းခြင်းကို   ယနေ့နံနက် ၁၁   နာရီတွင်   အဆိုပါဆေးရုံကြီး၌  ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးများ၊   မန္တလေး အထွေထွေရောဂါကုဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ယူနန်ပြည်နယ်ပြည်သူများ     လှူဒါန်းသည့် အောက်ဆီဂျင်အရည် ၂၅ တန်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပြည်သူ့ကျန်းမာရေးနှင့်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေ ရေးကော်မတီအတွင်းရေးမှူးနှင့်   တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး ဝန်ကြီးများ ဖြစ်ကြသည့်   ဗိုလ်မှူးကြီး    ကျော်ကျော်မင်း၊ ဦးကျော်ဆန်း၊   ဦးမျိုးအောင်နှင့်   ဦးယဉ်ထွေးနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်တို့က လက်ခံ ရယူခဲ့ကြကြောင်း သိရသည်။
 သတင်းစဉ်