တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၄)နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကျင်းပ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်

 

ရန်ကုန်   စက်တင်ဘာ   ၂၆


တရုတ်ပြည်သူ့သမ္မတနိုင်ငံ  တည် ထောင်သည့် (၇၄)  နှစ်မြောက် အထိမ်းအမှတ်    ဧည့်ခံပွဲအခမ်း အနားကို   ယနေ့   ညပိုင်းတွင် ရန်ကုန်မြို့  Wyndham   Grand Yangon ဟိုတယ်အမရပူရခန်းမ၌ ကျင်းပရာ   ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်ဇနီးတို့ တက်ရောက် ကြသည်။


စတင်ဖွင့်လှစ်


ရှေးဦးစွာ   ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သီချင်း နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့်  အခမ်း အနားကို စတင်ဖွင့်လှစ်သည်။


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး ယာယီတာဝန်ခံ Ms. Cao Jing က နှုတ်ခွန်းဆက်စကားပြောကြား သည်။


တည်ခင်းဧည့်ခံ


ယင်းနောက်      ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ   တရုတ်ပြည်သူ့သမ္မတ နိုင်ငံ  သံရုံးယာယီတာဝန်ခံ Ms. Cao Jingတို့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ် ကိတ်ကို လှီးဖြတ်ပေးကြပြီး အခမ်းအနားသို့  တက်ရောက် လာကြသူများအား  သံရုံးယာယီ တာဝန်ခံက    ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။


တက်ရောက်


အဆိုပါ     အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  ဇော်ဟိန်းနှင့်   ဇနီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ဇနီး၊   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး၊    မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများ၊  သံရုံးယာယီတာဝန်ခံ များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များ၊    တရုတ် - မြန်မာ ချစ်ကြည်ရေးအသင်း  (ဗဟို) မှ နာယကနှင့်တာဝန်ရှိသူများ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြား ထားသူများ    တက်ရောက်ကြ သည်။


သတင်းစဉ်