
ပေကျင်း ဧပြီ ၄
တရုတ်ပြည်မကြီးတွင် လွန်ခဲ့ သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၂ ဒသမ ၃၆ သန်းနီးပါး ထိုးနှံပြီးစီးသည့် အတွက် ယခုအခါ ဧပြီ ၃ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး သူပေါင်း ၃ ဒသမ ၂၈ ဘီလီယံနီးပါး ရှိလာပြီဖြစ်ကြောင်း ဧပြီ ၄ ရက် တွင် အမျိုးသား ကျန်းမာရေး ကော်မရှင်က ဖော်ပြထားသော အချက်အလက်များအရ သိရ သည်။
တရုတ်ပြည်မကြီးတွင် ဧပြီ ၃ ရက်က ကိုဗစ်-၁၉ ရောဂါ ဒေသတွင်းကူးစက်မှု ၁၃၆၆ ဦး ထပ်မံစစ်ဆေး တွေ့ရှိကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင် က ပြောသည်။ အဆိုပါကူးစက် မှုများအနက် ကျီလင်မှ ၈၃၆ ဦး၊ ရှန်ဟိုင်းမှ ၄၂၅ ဦးနှင့် ဖူကျန်းမှ ၁၆ ဦး ဖြစ်ကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်က အတည်ပြု ပြောကြားသည်။ ထို့အပြင် တရုတ်ပြည်မကြီး၌ ပြည်ပမှ ပြန်လည်ဝင်ရောက်လာ သူ ၃၉ ဦးတွင် ကိုဗစ်-၁၉ ကူးစက် မှု ထပ်မံတွေ့ရှိရကြောင်းလည်း ပြောကြားသည်။
တရုတ်နိုင်ငံ၌ ဧပြီ ၃ ရက်တွင် ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည် သက်သာလာသူ ၁၈၄၈ ဦးရှိလာ ကြောင်း၊ အထူးကြပ်မတ်ကုသ ဆောင်တွင် ကုသမှုခံယူနေရသူ ၅၄ ဦး အပါအဝင် လက်ရှိ ဆက် လက်ကုသမှုခံယူနေရသူ ၂၅၇၂၄ ဦးရှိကြောင်း သိရသည်။
ဆင်ဟွာ