တရုတ်နိုင်ငံ(ယူနန်ပြည်နယ်)နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ်ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းညှိနှိုင်းဆွေးနွေး

 

နေပြည်တော်   ဧပြီ    ၂၈


မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် ဒေသတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပူးတွဲကြိုတင် ကာကွယ် ထိန်းချုပ် ရေးကို  ထိရောက်စွာတွန်းအား ပေးနိုင်ရေး၊ နှစ်နိုင်ငံ  ပြည်ဝင်/ ထွက်ဂိတ်   နယ်စပ်ကုန်သွယ်မှု ချောမွေ့စေရေး၊   နှစ်နိုင်ငံစီးပွား ရေးနှင့်   ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုကို   တည်ငြိမ်စွာ တွန်းအားပေးနိုင်ရေး   ရည်ရွယ် ၍ တရုတ်နိုင်ငံ (ယူနန်ပြည်နယ်)နှင့် မြန်မာနိုင်ငံအကြား နယ်စပ် ဂိတ်  ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းညှိနှိုင်း  ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

 


ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီး ဌာန      အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း၊        ယူနန်ပြည်နယ် ပြည်သူ့အစိုးရ   နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ် Ms.Yang Mu၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး       မစ္စတာ ချန်းဟိုင်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ       ကောင်စစ်ဝန်ချုပ်ရုံး (မန္တလေး)နှင့်       ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကောင်စစ်ဝန် ချုပ်ရုံး(ကူမင်းမြို့) တို့မှ ကောင်စစ် ဝန်ချုပ်များက အဖွင့်အမှာစကား များ ပြောကြားသည်။

 


ထို့နောက် မြန်မာနိုင်ငံဘက်မှ ရာသီပေါ်  သရက်သီးအပါအဝင် ပုပ်သိုးကုန်သစ်သီးဝလံများအား တရုတ်နိုင်ငံဘက်သို့ လျင်မြန်စွာတင်ပို့နိုင်ရေးကိစ္စ၊ နယ်စပ်တွင် တရုတ်ခေါက်တိုယာဉ်များ ဈေးနှုန်း ကြီးမြင့်မှု လျှော့ချရေးကိစ္စ၊ ချင်း ရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ကုန်သွယ်မှုပြုရာ တွင် ကုန်တင်ယာဉ်များ အဆင် ပြေချောမွေ့စွာဝင်ရောက်နိုင်ရေးကိစ္စ၊ BP–125 နယ်စပ်ဂိတ် ယာယီ ဂိတ်ဖွင့်လှစ်နိုင်ရေး၊ အဆိုပါဂိတ်မှ မြန်မာ့ပို့ကုန်ကြံများကို  တင်ပို့ နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်မှု မူဝါဒ   အပြောင်းအလဲများအား Contact   Person  မှ  တစ်ဆင့် အချိန်နှင့်တစ်ပြေးညီ  သတင်း ဖလှယ်ရေးကိစ္စ၊  အကောက်ခွန် ရှင်းလင်းရေးဆိုင်ရာ  လုပ်ငန်း စဉ်များတွင် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စ၊ အပင်ပိုးမွှားကင်းစင် ရေးဆိုင်ရာ SPS လုပ်ငန်းစဉ်များ တွင် GACC နှင့်  ပူးပေါင်းဆောင် ရွက်သွားရန်  ကိစ္စရပ်များအား နှစ်ဖက်   တက်ရောက်လာကြ သူများက   ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

 


ဆွေးနွေးပွဲသို့ ယူနန်ပြည်နယ် ရှိ သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့များနှင့် မြန်မာနိုင်ငံဘက်မှ ကချင်ပြည်နယ်      အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်       အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ကုန်သွယ်ရေး ဦးစီးဌာန၊  အကောက်ခွန်ဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန၊   ငါး လုပ်ငန်းဦးစီးဌာနတို့မှ  ကိုယ်စား လှယ်များ တက်ရောက်ကြသည်။

 


ယနေ့ကျင်းပသည့် တရုတ် နိုင်ငံ(ယူနန်ပြည်နယ်)နှင့် မြန်မာ နိုင်ငံအကြား           နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်း ဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား ကိုဗစ်-၁၉      ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရေးအတွက် ရှေးရှု ပြီး ကဏ္ဍအလိုက် ထိရောက်သောပူးပေါင်းဆောင်ရွက်မှုများ ဆောင် ရွက်ခြင်းဖြင့် မျှတသော ကုန်သွယ် မှုကိုဖြစ်ပေါ်စေကာ   နှစ်နိုင်ငံ အကြား ရေရှည်ချစ်ကြည်ရင်းနှီး စွာ  ကူးလူးဆက်ဆံရေးကို ဖော်ဆောင်ပေးနိုင်ရေးဆွေးနွေးနိုင်ခဲ့သော အစည်းအဝေးတစ်ရပ်ဖြစ် ကြောင်း သိရသည်။  

 

သတင်းစဉ်