
ပေကျင်း မေ ၁၀
တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေအရင်းအမြစ်ဝန်ကြီးဌာနက မေ ၁၀ ရက်တွင် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုအဆင့်ကို အဆင့်လေးအထိ သတ်မှတ်ခဲ့သည်။
မေ ၁၀ ရက် မွန်းလွဲ ၂ နာရီမှ မေ ၁၁ ရက် မွန်းလွဲ ၂ နာရီအထိ ဂွမ်ရှီး၊ ဂွမ်ဒေါင်း၊ ကျန်ရှီးနှင့် ဖူကျန်ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်လာမည်ဟု အမျိုးသားမိုးလေဝသဌာနက ခန့်မှန်း ထားသည်။
တချို့ဒေသများတွင် တစ်နာရီလျှင် မိုးရေချိန် ၆၀ လက်မအထိ ရောက်ရှိလာနိုင်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းစဉ် မိုးကြိုးမုန်တိုင်း များလည်း ကျရောက်နိုင်ကြောင်း အမျိုးသားမိုးလေဝသဌာနက ဆက်လက်သတင်းထုတ်ပြန်ထားသည်။
သဘာဝဘေးကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်နိုင်ရန် ဂွမ်ဒေါင်းနှင့် ဂွမ်ရှီးဒေသများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့များ ကို စေလွှတ်ထားသည်။
တရုတ်နိုင်ငံတွင် ရေကြီးမှုများကိုထိန်းချုပ်ရန် အရေးပေါ်တုံ့ပြန်ဆောင်ရွက်သည့်အဆင့် လေးဆင့်ရှိပြီး အဆင့် ၁ သည် အပြင်းထန်ဆုံး ဖြစ်သည်။ ဆင်ဟွာ