တရုတ်နိုင်ငံတစ်ဝန်း ဒေသအတော်များများ၌ သဲမုန်တိုင်းတိုက်မည်ဟု သတိပေး

 

ပေကျင်း  မတ်  ၂၁


တရုတ်နိုင်ငံတစ်ဝန်း         ဒေသ အတော်များများ၌ မတ်၂၁ ရက် ဒေသစံတော်ချိန် ည ၈ နာရီမှ မတ် ၂၂ ရက် ည ၈ နာရီအထိ  သဲမုန် တိုင်း တိုက်နိုင်သဖြင့် တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသဌာနက မတ် ၂၁ ရက်က အဝါရောင်သတိပေး ချက်ကို ထပ်မံထုတ်ပြန်ခဲ့သည်။ 

 


သဲမုန်တိုင်းမှတစ်ဆင့်ပါလာ နိုင်သော သဲမှုန်များနှင့် ဖုန်မှုန့်များ သည်  တရုတ်နိုင်ငံ   ဆင်ဂျင်၊ ချင်းဟိုင်း၊  ဂန်စု၊  နင်ရှာ၊  မွန်ဂို လီးယားအတွင်းပိုင်း၊   ရှန်စီး၊ ဟီဘေး၊ ပေကျင်း၊ တီယန်ဂျေ၊ ရှန်ဒုန်း၊   ဟီနန်၊   ဟေလုံကျန်၊ ကျီလင်း၊   လောင်နင်းတို့သို့   ရိုက် ခတ်နိုင်ကြောင်းခန့်မှန်းထားသည်။   မွန်ဂိုလီးယားအတွင်းပိုင်းရှိ   ဒေသ တချို့မှာ သဲမုန်တိုင်းကို တွေ့မြင် နိုင်ကြောင်း  မိုးလေဝသဌာနက  သတင်းထုတ်ပြန်ထားသည်။ 

 


သဲမှုန်နှင့် ဖုန်မှုန့်များလွင့်ပါ ခြင်းကို   ကြိုတင်သတိထားရန် ပြည်သူလူထုကို မိုးလေဝသဌာန က  အကြံပြုထားသည်။ သဲမုန် တိုင်းတိုက်ခတ်ခြင်းကို တိုင်းတာ ရာတွင်   အဆင့်လေးဆင့်ရှိရာ အနီရောင်သည် အဆိုးဆုံးအဆင့် ကိုကိုယ်စားပြုသည်။    

 

ဆင်ဟွာ