တရုတ်နိုင်ငံထုတ် မြေအောက်ရထား ပေါ်တူဂီနိုင်ငံသို့ လွှဲပြောင်း

 

ပေကျင်း  ဖေဖော်ဝါရီ  ၁၇
တရုတ်နိုင်ငံမှ ထုတ်လုပ်သော  မြေအောက်ရထား  ၁၈  စင်းအနက် ပထမဆုံးရထားကို ပေါ်တူဂီနိုင်ငံရှိ Porto Metro ကုမ္ပဏီထံ ဖေဖော်ဝါရီ ၁၁ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ပေါ်တူဂီနိုင်ငံသည် တရုတ်နိုင်ငံထုတ် မြေအောက်ရထားများကို ဝယ်ယူသည့် ပထမဆုံး ဥရောပသမဂ္ဂနိုင်ငံ တစ်နိုင်ငံဖြစ်လာသည်။
ထိုရထားကို တရုတ်နိုင်ငံ၏ရထား၊ မြန်နှုန်းမြင့်ရထားနှင့် မြေအောက် ရထားမော်တော်ယာဉ်များ ထုတ်လုပ်ရေးလုပ်ငန်းများအနက် အကြီးဆုံး ဖြစ်သော CRRC Tangshan မှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။  ၎င်း ရထားသည် အရည်အသွေးမြင့်မား၍ ခရီးသွားပြည်သူများ၏ မျှော်လင့် ချက်များနှင့်ကိုက်ညီပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကို အသုံးပြု မည့်သူများအတွက် ပိုမိုအဆင့်မြင့်လုံခြုံမှုရှိစေမည်ဖြစ်ကြောင်း ပေါ်တူဂီ နိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့်   ရာသီဥတုဆိုင်ရာဝန်ကြီး   Duarte Cordeiro က ပြောကြားသည်။ 
အလေးချိန်ပေါ့ပါးသော အဆိုပါ မြေအောက်ရထားတွင် စွမ်းအင် သုံးစွဲမှုလျော့နည်းသည့် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုထားပြီး အမြန်ဆုံးမောင်းနှင်ပြေးဆွဲမှု အမြန်နှုန်းမှာ တစ်နာရီလျှင် ၈၀ ကီလို မီတာရှိကာ ခရီးသည် ၂၄၄ ဦးကို တင်ဆောင်နိုင်စွမ်းရှိသည်။ 
အဆိုပါ အတွဲလေးတွဲပါ ရထားကို ပေါ်တိုမြို့လယ်ရှိ Trindade မြေအောက်ရထားဘူတာတွင် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၄ ရက်အထိ ပြသထားပြီး အဆိုပါရထားကို စစ်ဆေးမှုများနှင့် စမ်းသပ်ပြေးဆွဲမှု များစွာ ပြုလုပ်ပြီးနောက် မေလတွင် စတင်ဝန်ဆောင်မှုပေးနိုင်မည်ဖြစ် သည်။ ရထားများအားလုံးကို စက်တင်ဘာလမတိုင်မီ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း သိရသည်။