တရုတ်နိုင်ငံထုတ် ဇီဝလောင်စာရည်ဖြင့် ကုန်တင်လေယာဉ် စတင်ပျံသန်း

 

ပေကျင်း  ဒီဇင်ဘာ  ၂၂
တရုတ်နိုင်ငံ Sinopec ကုမ္ပဏီက ထုတ်လုပ်သည့် လေကြောင်းပျံသန်းရေးအတွက် ဇီဝလောင်စာ ရည်ဖြင့် နိုင်ငံတကာ  ကုန်စည်ပျံသန်းမှုတွင် ပထမဆုံးအကြိမ်အဖြစ်     တနင်္လာနေ့က အောင်မြင်စွာ     အသုံးပြုပျံသန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်သည်    တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ   ဟန်ကျိုးမြို့မှ  ထွက်ခွာပြီး ၁၂ နာရီအကြာတွင် ဥရောပတိုက်    ဘယ်လ်ဂျီယံ နိုင်ငံသို့ ဆင်းသက်ခဲ့ကြောင်း သိရသည်။
ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်
ပြန်လည်ပြည့်ဖြိုးမြဲ လေကြောင်းပျံသန်းရေး လောင်စာရည် (Sustainable Aviation Fuel- SAF)ကို အသုံးပြုထားပြီးသည့်ဆီများ၊ မွေးမြူရေး နှင့်သစ်တောထွက် စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး သာမန်လောင်စာ အသုံးပြုမှုထက် ကာဗွန်ထုတ်လွှတ်မှုကို ၈၀ ရာခိုင်နှုန်းအထိ  လျှော့ချပေးနိုင်ကြောင်း သိရ သည်။
တရုတ်အခြေစိုက် Sinopec   ကုမ္ပဏီသည် SAF ကို ၂၀၀၉ ခုနှစ်ကတည်းက  စတင် ထုတ်လုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အသုံးပြုခွင့်လက်မှတ်ရရှိခဲ့ခြင်းဖြစ်ကာ China Eastern လေကြောင်းလိုင်း၊ China Southern လေကြောင်း လိုင်းနှင့် Air China တို့က ပြည်တွင်းလေကြောင်း ပျံသန်းမှုတွင် အသုံးပြုလျက်ရှိသည်။