တရုတ်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့ နှစ်နိုင်ငံဆက်ဆံရေး ချောမွေ့စေရန် သဘောတူ

 

ဘာလီ    ဇူလိုင်   ၁၀


တရုတ်နိုင်ငံတော်     ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး      မစ္စတာ ဝမ်ယိသည် ဩစတြေးလျ နိုင်ငံ ခြားရေးဝန်ကြီး  ပင်နီဝေါင်းနှင့်  ဇူလိုင် ၈ ရက်က တွေ့ဆုံခဲ့ကြရာ  အတားအဆီးများကို ဖယ်ရှားပြီး  နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်း မှန်ပေါ် ရောက်ရှိရန် သဘောတူညီ ခဲ့ကြသည်။ 

 


နှစ်နိုင်ငံ    ခေါင်းဆောင်များ သည်   အင်ဒိုနီးရှားနိုင်ငံ   ဘာလီ ကျွန်း၌  ကျင်းပသည့်  G20  နိုင်ငံ ခြားရေး  ဝန်ကြီးများ  အစည်း အဝေးတွင်  သီးသန့်တွေ့ဆုံကြ ခြင်းဖြစ်သည်။

 


တရုတ်    -   ဩစတြေးလျ နှစ်နိုင်ငံဆက်ဆံရေးသည် စိန်ခေါ် မှုများနှင့် အခွင့်အလမ်းနှစ်ခုစလုံး  ကို ရင်ဆိုင်နေရကြောင်း၊ နှစ်နိုင်ငံ  ကြား    သံတမန်    ဆက်ဆံရေး   ထူထောင်သည့်  နှစ် (၅၀) ပြည့် နှစ်ပတ်လည်အချိန်တွင်  အပြန် အလှန်လေးစားမှုအပေါ်   အခြေခံ ၍     နှစ်နိုင်ငံ   ဆက်ဆံရေးကို ပြန်လည်ဆန်းစစ်ကာ   ပြန်လည် ချိန်ညှိရန်    ဆန္ဒရှိကြောင်းနှင့် လမ်းကြောင်းမှန်ပေါ်  ပြန်လည် ရောက်ရှိစေရန်အတွက် ကြိုးပမ်း     ဆောင်ရွက်သွားရန်  တရုတ်နိုင်ငံ က    ဆန္ဒရှိကြောင်း    တရုတ်      နိုင်ငံခြားရေးဝန်ကြီး  ဝမ်ယိက  ပြောကြားသည်။

 


နှစ်နိုင်ငံ    ခေါင်းဆောင်များ သည် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပတ်သက်သည့်     ကိစ္စရပ်များ ကိုလည်း        အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း         သိရ သည်။                          

 ဆင်ဟွာ