
ပေကျင်း အောက်တိုဘာ ၁၂
တရုတ်နိုင်ငံ၌ ကားဝယ်လိုသူ များမှာ လျှပ်စစ်ကားများတွင် စိတ်ဝင်စားမှု မြင့်မားလာသည့် အတွက် စက်တင်ဘာလ တစ်လျှောက်လုံးတွင် ကားသစ် ရောင်းအား မြင့်မားလျက်ရှိသည် ဟု သိရသည်။
ပြီးခဲ့သည့်လအတွင်း တရုတ် နိုင်ငံတွင် မော်တော်ကားသစ် ၂ ဒသမ ၆သန်း ရောင်းချခဲ့ရသည် ဟု တရုတ်မော်တော်ကားရောင်းချ မှုအသင်းမှ ပြောသည်။ ယခင် နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၅ ရာခိုင် နှုန်း တိုးလာခြင်းဖြစ်သည်။ လျှပ်စစ်ကား ရောင်းချရမှုမှာ အစီးရေ ၇၀၀၀၀၀ ကျော်ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆ နီးပါး တိုးလာခြင်းဖြစ်သည်။
ရှန်ဟိုင်းမြို့၌ ကိုဗစ် -၁၉ အသွားအလာ ပိတ်ဆို့ကန့်သတ် မှုကြောင့် ရောင်းအားကျဆင်းခဲ့ ရပြီးနောက် ကြီးမားသည့် အလှည့် အပြောင်း ဖြစ်လာခြင်းဖြစ်သည်။ တချို့သော ကားမော်ဒယ်များကို အခွန်ကောက်ခံမှု ထက်ဝက် လျှော့ချခြင်းအစရှိသည့် မူဝါဒ များကြောင့် ဇွန်လမှစတင်ကာ ရောင်းအားများ တိုးတက်လာ ခဲ့သည်။
ယင်းသို့လုပ်ဆောင်မှုကြောင့် နှေးကွေးနေသည့် စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် စွမ်း ဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ရောင်းအားကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်း ရှိမရှိကိုမူ ကားလုပ်ငန်း စောင့်ကြည့်သူများ က မေးခွန်းထုတ်နေကြသည်။
အင်န်အိတ်ချ်ကေ