
ချုံချင်း မေ ၁၂
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြို့ လေဆိပ်၌ မေ ၁၂ ရက် နံနက် ၈ နာရီဝန်းကျင်တွင် လေယာဉ်ပျံတက်စဉ် ပြေးလမ်း ချော်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ခရီးသည် ၄၀ ကျော်မှာ အနည်း ငယ် ဒဏ်ရာရရှိခဲ့ကြောင်း လေဆိပ် သတင်းရင်းမြစ်များက ပြောကြား သည်။
လေယာဉ်အမှုထမ်း ကိုးဦးနှင့် ခရီးသည် ၁၁၃ ဦး လိုက်ပါလာသည့် တိဘက်လေကြောင်းလိုင်းခရီးစဉ် TV9833 အမျိုးအစားလေယာဉ်မှာ ချုံချင်းမြို့မှ တိဘက်ရှိ နင်ချီသို့ ထွက်ခွာရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်များက ပြောကြား သည်။
အဲဘတ်လေယာဉ် A319 တွင် ပုံမှန်မဟုတ်သည်ကို တွေ့ရှိ ခဲ့ပြီးနောက် လေယာဉ်အမှု ထမ်းများက လေယာဉ်ပျံသန်းမှုကို ဖျက်သိမ်းခဲ့ကြောင်း၊ လေယာဉ်မှာ ပြေးလမ်းကို ဖြတ်သန်းပြီးနောက် လေယာဉ်ဦးပိုင်း၏ ဘယ်ဘက် ခြမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
လေယာဉ်ပေါ်ပါသူအားလုံးကို ကယ်ထုတ်ခဲ့ပြီး ဒဏ်ရာရရှိသူ များကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။ လက်ရှိတွင် ချုံချင်း ကျုံးဘယ်အပြည်ပြည် ဆိုင်ရာလေဆိပ်၏ လေယာဉ် ပြေးလမ်းကို ယာယီပိတ်ထားခဲ့ ပြီး အခြားလေယာဉ်ပြေးလမ်း နှစ်ခုတွင် လုပ်ငန်းများ လည်ပတ် ဆောင်ရွက်လျက်ရှိကြောင်း တရုတ် နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင် အဖွဲ့၏ အနောက်တောင်ဒေသ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ခဲ့သည်။
လေယာဉ်မတော်တဆဖြစ်ပွား မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ဆင်ဟွာ