တရုတ်နိုင်ငံ၌ ကိုဗစ်နှင့်ဆက်စပ်သော ဖြစ်စဉ်များကြောင့် တစ်လအတွင်း သေဆုံးသူပေါင်း ၆၀၀၀၀ နီးပါးရှိဟုဆို

 

ပေကျင်း ဇန်နဝါရီ ၁၄
တရုတ်နိုင်ငံ၌      ဒီဇင်ဘာလ အစောပိုင်းက ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်သော ကန့်သတ်ချက် များ ဖြေလျှော့ပေးပြီးနောက်ပိုင်း တစ်လအတွင်း ကိုဗစ်-၁၉ ရောဂါ နှင့် ဆက်စပ်သော   ဖြစ်စဉ်များ ကြောင့် သေဆုံးသူပေါင်း ၆၀၀၀၀ နီးပါးရှိကြောင်း   တရုတ်အာဏာ ပိုင်များက ဇန်နဝါရီ ၁၄ ရက်တွင် ပြောသည်။ 
တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ   ၈ ရက်မှ  ယခုနှစ် ဇန်နဝါရီ ၁၂ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့်    ဆက်စပ်သော ဖြစ်စဉ်များကြောင့်   သေဆုံးသူ  ၅၉၉၃၈  ဦးအထိ   ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် အောက်ရှိ     ဆေးဘက်ဆိုင်ရာ အုပ်ချုပ်ရေးဗျူရို    အကြီးအကဲ ကျားယာဟွီက      သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။   အဆိုပါ        သေဆုံးသူများသည် ဆေးဘက်ဆိုင်ရာ  ဌာနများတွင် မှတ်တမ်းတင်ထားသောသူများ သာဖြစ်ပြီး    သေဆုံးသူပေါင်း      မြင့်တက်နိုင်ဖွယ်ရှိသည်ဟု   ဆို သည်။ 
သေဆုံးသူများ၏    ပျမ်းမျှ အသက်မှာ ၈၀ ဒသမ ၃ နှစ်ဖြစ် ကြောင်းနှင့်   အသက်  ၆၅   နှစ် အထက်  သေဆုံးသူများမှာ  ၉၀ ရာခိုင်နှုန်း        ကျော်ရှိကြောင်း ဇန်နဝါရီ ၁၄ ရက်တွင် ကျန်းမာရေး တာဝန်ရှိသူများက   ပြောသည်။ ထို့အပြင် သေဆုံးသူအများစုမှာ ရောဂါအခံရှိသူများဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 
တရုတ်နိုင်ငံ၌ အသက် ၆၀ ကျော်အရွယ် လူသန်းပေါင်းများစွာ သည် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ထိုးနှံမှု ခံယူထားခြင်း မရှိ ကြောင်း သိရသည်။     အေအက်ဖ်ပီ