တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ဆိုင်ရာ အသွားအလာကန့်သတ်ချက်များ ပြန်လည်ချမှတ်

 

ပေကျင်း   စက်တင်ဘာ   ၈


တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု များကြောင့် အသွားအလာကန့်သတ်ချက်များ ပြန်လည်ချမှတ်ထားကြောင်း    သိရသည်။ တရုတ်နိုင်ငံ၏ ရှန်ကျန်းနှင့် ဒါလျန်းစသည့် အဓိကဆိပ်ကမ်းမြို့ကြီးများရှိ လူနေရပ်ကွက် များတွင် ယခုသီတင်းပတ်အတွင်း လော့ဒေါင်း သတ်မှတ်ချက်များ    ပြန်လည်ချမှတ်ခဲ့ပြီး  တီယန်ကျင်းအပါအဝင် အခြားအရေးပါသော ပင်လယ်ရေကြောင်း ဝင်/ ထွက်ပေါက်များတွင် လည်း       ကိုဗစ်စစ်ဆေးမှု    အများအပြား ဆောင်ရွက်နေကြောင်း သိရသည်။

 


တရုတ်နိုင်ငံအစိုးရအနေဖြင့် zero-covid policy ဖြင့်     ကိုဗစ်ရောဂါထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိသော်လည်း လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း  ကိုဗစ်ကူးစက်မှုများ ပိုမိုကျယ်ပြန့်လာရာ  တစ်မြို့လုံး  အသွား အလာ     ကန့်သတ်ချက်ချမှတ်ခြင်းထက် ရောဂါကူးစက်မှုဖြစ်ပွားသည့်     ရပ်ကွက် အလိုက် အသွားအလာကန့်သတ်၍ မတူညီ သည့်ပုံစံဖြင့် ဆောင်ရွက်နေကြောင်း၊ ကွာရန် တင်းဝင်ချိန်ကိုလည်း  ပြီးခဲ့သည့်  ဇွန်လ လယ်ကတည်းက လျှော့ချထားကြောင်း သိရ သည်။

 


တရုတ်နိုင်ငံ၌ လက်ရှိဖြစ်ပွားလျက်ရှိ သည့် ကိုဗစ်ကူးစက်မှုများသည်  အိုမီခရွန် မျိုးကွဲသစ် BF.15 ကြောင့် အဓိကဖြစ်ကြောင်း၊ အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲသည် ကူးစက်မှု ပို၍ မြန်ဆန်ပြီး   ခြေရာခံရန်  ပိုမိုခက်ခဲကြောင်း ရှန်ကျန်းမြို့၏ သက်ဆိုင်ရာအရာရှိများက ပြောကြားသည်။

 


တရုတ်နိုင်ငံ၌    ကိုဗစ်လော့ဒေါင်းများ ပြန်လည်ချမှတ်ခဲ့ပြီး ကိုဗစ်ဆိုင်ရာ တင်းကျပ် သည့်မူဝါဒများကြောင့် တရုတ်နိုင်ငံရှိ ဥရောပ ကုမ္ပဏီများ၏ သုံးပုံတစ်ပုံနီးပါးသည် ၎င်းတို့ ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တရုတ်နိုင်ငံ ပြင်ပသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြသည်ဟု တရုတ်နိုင်ငံရှိ    အီးယူကုန်သည်အသင်းမှ ဇွန်လတွင် ထုတ်ပြန်သည့် စစ်တမ်းတစ်ရပ် က ဆိုသည်။

 


အမေရိကန်နိုင်ငံနှင့်   ဗြိတိန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများကလည်း တရုတ်နိုင်ငံ၏ တင်းကျပ်သော ကိုဗစ်-၁၉ မူဝါဒများကြောင့် ၎င်းတို့၏      လုပ်ငန်းများကို   အလားတူ ရွှေ့ပြောင်းလိုသည့်   သဘောထားရှိနေကြ ကြောင်း တရုတ်နိုင်ငံရှိ အမေရိကန်ကုန်သည် အသင်းနှင့်  ဗြိတိန်ကုန်သည်အသင်းတို့၏ အစီရင်ခံစာများအရ သိရသည်။

 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   
ခင်ရတနာ စုစည်းဖော်ပြသည်၊၊