တရုတ်နိုင်ငံ၌ အပူလှိုင်းဖြတ်မှု ဆက်လက်ရှိနေသည့်အတွက် သတိပေးမှု အဝါရောင်အဆင့် ဆက်လက်ထုတ်ပြန်

 

ပေကျင်း ဇူလိုင် ၂၃


တရုတ်နိုင်ငံ   ဒေသအနှံ့အပြားတွင်  ပြင်းထန်သောအပူလှိုင်းဖြတ်မှု ဆက်လက်တည်ရှိနေသည့်အတွက်  အပူချိန်သတိပေးမှုထုတ်ပြန်ချက် အဝါရောင်အဆင့်ကို စနေနေ့တွင် တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသ စောင့်ကြည့်ရေးဌာနက  ဆက်လက်ထုတ်ပြန်လိုက်ကြောင်း  ဆင်ဟွာ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ 

 


နေ့အပူချိန်သည်အတွင်းမွန်ဂိုလီးယား၊ ရှင်ကျန်း၊ အန်းဟွေ၊ ကျန်းစု၊ ရှန်ဟိုင်း၊ ဟူနန်၊ ကျန်းရှီး၊ စီကျန်း၊ ဖူကျန်း၊ ကွေကျို့၊ ကွမ်တုံနှင့် ကွမ်ရှီးတို့တွင် အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်စ်ကို ကျော်လွန်ဖွယ်ရှိ ကြောင်း   အမျိုးသားမိုးလေဝသစောင့်ကြည့်ရေးဌာနက   ပြောသည်။   ထို့ပြင် ရှင်ကျန်း၊ စီကျန်းနှင့်ဖူကျန်းရှိဒေသအချို့တွင်အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်ကိုကျော်လွန်ဖွယ်ရှိကြောင်း အဆိုပါဌာနက ဆက်လက်ပြော ကြားသည်။  နေ့ဘက်အပူချိန်မြင့်မားသောအချိန်တွင်  ပြင်ပလှုပ်ရှားမှု များ မပြုလုပ်ရန် အကြံပြုထားပြီး ပြင်ပတွင်အချိန်ကြာမြင့်စွာ အလုပ်လုပ် ရန်    လိုအပ်သောသူများအား  အပူဒဏ်ကာကွယ်ရန်လိုအပ်သော ကာကွယ်ရေးအစီအမံများဖြင့် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။ 

 


တရုတ်နိုင်ငံ၌ မိုးလေဝသသတိပေးချက်စနစ်အတွက်  အရောင် ဖြင့်   ခွဲခြားသတ်မှတ်သည့်  အဆင့်လေးဆင့်ရှိပြီး  အနီရောင်သည် အပြင်းထန်ဆုံးသတိပေးချက်ကို  ကိုယ်စားပြုပြီး  ၎င်းနောက်တွင် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင်အဆင့်ဟူ၍ ရှိကြောင်း သိရသည်။                                                                        

ဆင်ဟွာ