
ပေကျင်း ဇန်နဝါရီ ၁၀
တရုတ်နိုင်ငံ နေရာအနှံ့အပြားတွင် အပူချိန် ကျဆင်းမှုနှင့်အတူ လေပြင်းမုန်တိုင်းတိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားပြီး အအေး လှိုင်း ကျရောက်နိုင်မှုအတွက်လည်း မိုးလေ ဝသ အာဏာပိုင်အဖွဲ့က ဇန်နဝါရီ ၁၀ ရက် တွင် အပြာရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၁၁ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံ ဒေသအနှံ့အပြားတွင် အပူချိန် သည် ၈ မှ ၁၂ ဒီဂရီဆဲလ်စီးယပ်သို့ ကျဆင်း နိုင်ကြောင်း အမျိုးသားမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ရှင်ကျန်းနှင့် ဂန်စုဒေသ အနှံ့အပြားတွင် လေပြင်းမုန်တိုင်း တိုက်ခတ်နိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်း ထားသည်။
ထို့ပြင် စိုက်ပျိုးရေးအပေါ် အအေးလှိုင်း ၏ သက်ရောက်မှုကို သတိပေးထား ကြောင်း၊ အပူချိန် ပြောင်းလဲခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းကို သတိပြုကြရန် ပြည်သူများအား တိုက်တွန်းထားကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် မိုးလေဝသသတိပေး ချက်စနစ်အတွက် အရောင်ဖြင့် ခွဲခြား သတ်မှတ်သည့် အဆင့် လေးဆင့်ရှိကာ အနီရောင်သည် အပြင်းထန်ဆုံး သတိပေး ချက်ကို ကိုယ်စားပြုပြီး ၎င်းနောက်တွင် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင် အဆင့်ဟူ၍ ရှိသည်။
ဆင်ဟွာ