တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နေရပ်အသီးသီးသို့ ပြန်နိုင်ရေးကူညီဆောင်ရွက်ပေး

 

မူဆယ်    မေ    ၂၁


ရှမ်းပြည်နယ်    (မြောက်ပိုင်း) မူဆယ်မြို့ နှစ်နိုင်ငံဝင်/ထွက်ပေါက် နန်းတော်        ဂိတ်မှတစ်ဆင့်     မြန်မာနိုင်ငံသား    ၁၁၆   ဦး   ပြန်လည်ဝင်ရောက်လာရာ  ယနေ့   မွန်းတည့်  ၁၂   နာရီက  မိမိတို့       နေရပ်အသီးသီးသို့      ပြန်လည် ပို့ဆောင်ပေးသည်။

 


တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွင်းရှိ   အကျဉ်းထောင်အသီး သီးတွင်    အကျဉ်းကျခံရသည့် မြန်မာနိုင်ငံသား ကျား  ၁၁၆  ဦး၊  မ ၅၄ ဦး  စုစုပေါင်း ၁၇၀  မြန်မာ-တရုတ် နှစ်နိုင်ငံဝင် / ထွက်ပေါက်    နန်းတော်ဂိတ်မှ   လွှဲပြောင်းပေး အပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌ  ဦးဇော်လင်းတို့က    ဦးဆောင်၍ ငွေကျပ်  ၁၀၂၀၀၀၀ အား  နေထိုင် စားသောက်ရေးနှင့်  နေရပ်အသီး သီးသို့      ပြန်နိုင်ရေးအတွက် ထောက်ပံ့လှူဒါန်းသည်။

 

ထို့ပြင်   လမ်းခရီး     အဆင်ပြေစေရန် မော်တော်ယာဉ်များ  စီစဉ်ပေးခြင်း ခရိုင်လဝကဦးစီးမှူး   ဦးရဲရင့်ထွန်း မှ ဦးဆောင်၍    လဝကနှင့်သက်ဆိုင် သည့်    အထောက်အထားစာရွက် စာတမ်းများပြုလုပ်ပေးပြီး   မိမိတို့ နေရပ်အသီးသီး     စိတ်ချမ်းသာစွာ ပြန်လည်     ရောက်ရှိရေးအတွက် လိုအပ်သည်များ  ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း         သိရသည်။
                               

ချယ်ရီမြေ(မူဆယ်)