တရုတ်နိုင်ငံမြောက်ပိုင်း၌ တောရိုင်းကျားသစ်များ တိုးပွားလျက်ရှိကြောင်း ရှာဖွေတွေ့ရှိ

 

ရှီအန်း   ဧပြီ    ၉


တရုတ်နိုင်ငံမြောက်ပိုင်းတွင် တောရိုင်းကျားသစ်များ တိုးပွားလာလျက်ရှိကြောင်း၊ အဆိုပါ တောရိုင်း ကျားသစ်များသည်   တောင်တန်းနေရာ   ဒေသအသစ်များတွင်   နေထိုင်ကျက်စားလျက်ရှိကြောင်း      တောရိုင်းတိရစ္ဆာန်ပညာရှင်များက သုတေသနပြု ဖော်ပြထားသည်။  

 


ရှာဖွေတွေ့ရှိ


အဆိုပါ တောရိုင်းကျားသစ်များ တိုးပွားလာမှု ကို  ရှာဖွေတွေ့ရှိခြင်းသည်  အမျိုးသားသစ်တောနှင့် မြက်ခင်းပြင်စီမံအုပ်ချုပ်ရေးအောက်ရှိ ဆိုက်ဘေး ရီးယား   ကျားများနှင့်  Amur  ကျားသစ်များ စောင့်ကြည့်ရေးသုတေသနဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဖန်လီမင် ဦးဆောင်သောအဖွဲ့က ဆယ်စုနှစ် တစ်ခုအကြာပြုလုပ်ခဲ့သည့် အကျိုးကျေးဇူးကြောင့် ယခုလို ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ 

 


အဆိုပါ သုတေသနတွင် တရုတ်နိုင်ငံ မြောက် ပိုင်း အဓိကတောင်တန်းများ၌ တောရိုင်းကျားသစ် များ   နေထိုင်ကျက်စားလျက်ရှိကြောင်း   ဖော်ပြ ထားသည်။   ရှန်းဇီပြည်နယ်  ဇီဝူလင်းတောင်၌ စောင့်ကြည့်လေ့လာမှုအရ   ကျားသစ်ကောင်ရေ ၁၁၀ ခန့် တိုးပွားလာပြီး ၁၀၀ စတုရန်းကီလိုမီတာ တွင်  တိုးပွားလာမှုပမာဏ  ၂ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်ဟု ဖန်က ပြောကြားသည်။ 

 


ဒေသတွင်း တိုးပွားလာမှုဖြစ်


အဆိုပါ တောရိုင်းကျားသစ်များ တိုးပွားလာ သည့် ပမာဏသည် တရုတ်နိုင်ငံတွင် အများဆုံး ဒေသတွင်း တိုးပွားလာမှုဖြစ်ကြောင်း သိရသည်။ ရှန်းဇီပြည်နယ် ဟီရွှန်းဒေသတွင် တောရိုင်းကျားသစ် များ   တိုးပွားလာမှုပမာဏသည်    ၁၀၀ စတုရန်း ကီလိုမီတာတွင်  ၁ ဒသမ ၂ ရာခိုင်နှုန်းမှ ၁ ဒသမ ၆ ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်းလည်း သိရ သည်။ 

 


၂၀    ရာစုနှောင်းပိုင်းတွင်    တရုတ်နိုင်ငံ မြောက်ပိုင်း၌ ကျားသစ်ကောင်ရေတိုးပွားမှုပမာဏ သိသိသာသာ   ကျဆင်းခဲ့ကြောင်း  သိရသည်။ ယခုအခါ အဆိုပါ  တိရစ္ဆာန်များသည် တရုတ်နိုင်ငံ တွင် အမြင့်ဆုံးအမျိုးသားအဆင့် ကာကွယ်မှုကို ရရှိလာပြီ ဖြစ်သည်။                                                            

 

ဆင်ဟွာ