
ပေကျင်း နိုဝင်ဘာ ၃
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ပါကစ္စတန် ဝန်ကြီးချုပ် မိုဟာမက် ရှက်ဘာ ရှာရစ်ဖ်နှင့်အတူ လိုက်ပါလာသည့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘီလဝါဘူတို ဇာဒါရီနှင့် နိုဝင် ဘာ ၂ ရက်က တွေ့ဆုံကြသည်။
ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ရှာရစ်ဖ်သည် တရုတ် ကွန်မြူနစ်ပါတီ(CPC) ၏ အကြိမ် (၂၀)မြောက် အမျိုးသားကွန်ဂရက် ကို အောင်မြင်စွာ ကျင်းပခဲ့ပြီး နောက် တရုတ်နိုင်ငံသို့ ပထမ ဆုံး လာရောက်လည်ပတ်သည့် ပြည်ပနိုင်ငံမှ အစိုးရအကြီးအကဲ တစ်ဦးဖြစ်ကြောင်း ဝမ်ယိက ပြောကြားသည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် မှုသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးထွားလာသည့် အင်အား တစ်ရပ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုအတွက် ခိုင်မာသည့် အချက်ဖြစ်ကြောင်း၊ တိုးတက်မှု ဖြစ်စဉ်များတွင် တရုတ် - ပါကစ္စ တန်နိုင်ငံ၏ ဆက်ဆံရေးသည် တွန်းအားသစ်များ ရရှိမည်ဖြစ် ပြီး အဆင့်တစ်ခုသို့ တိုးတက် လာမည်ဖြစ်ကြောင်း ဝမ်ယိက မှတ်ချက်ပြုပြောကြားသည်။
ပါကစ္စတန်နိုင်ငံ၌ သဘာဝ ဘေးဒဏ်ခံရပြီးနောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ တွင် တရုတ်နိုင်ငံက ဆက်လက် အကူအညီ ပေးသွားမည်ဖြစ် ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ် - ပါကစ္စတန် စီးပွားရေး စင်္ကြံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ရန် ပါကစ္စ တန်နိုင်ငံနှင့်အတူ လုပ်ဆောင် ရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားသည်။
ဆင်ဟွာ