တရုတ်နိုင်ငံက လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဘရူနိုင်းနိုင်ငံ လက်ခံရရှိ

ဘန်ဒါဆရီဘီဂါဝန်     စက်တင်ဘာ    ၁၃


ဘရူနိုင်းနိုင်ငံသည် တရုတ်နိုင်ငံအစိုးရက လှူဒါန်း သည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  အလုံးရေ စုစုပေါင်း တစ်သိန်းပါဝင်သည့် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ကို လက်ခံရရှိ ခဲ့ကြောင်းနှင့် အဆိုပါ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး များသည် စက်တင်ဘာ ၁၂ ရက်ညပိုင်းက ဘရူနိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။


တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးဒုတိယအသုတ်   လွှဲပြောင်းပေးအပ် ခြင်းအခမ်းအနားကို   ဘရူနိုင်းနိုင်ငံ   အပြည်ပြည် ဆိုင်ရာလေဆိပ်၌  ကျင်းပခဲ့ပြီး အဆိုပါ ကိုဗစ်-၁၉  ရောဂါ    ကာကွယ်ဆေး    လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဟာဂျီအီရိုင်ဝန်နှင့် တရုတ်နိုင်ငံအစိုးရ ကိုယ်စားပြု  ဘရူနိုင်းနိုင်ငံဆိုင်ရာ  တရုတ်သံအမတ် ကြီး ယူဟွန်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဘရူနိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ၂၀၂၀  ပြည့်နှစ်ကတည်းက   ကိုဗစ်-၁၉     ကပ်ရောဂါကို တိုက်ဖျက်ရာတွင်    အပြန်အလှန်   အထောက်အပံ့ ပေးခဲ့ကြောင်း သိရသည်။ 


ဘရူနိုင်းနိုင်ငံသည်      တရုတ်နိုင်ငံထုတ် Sinopharm    ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေး ပထမအသုတ်ကို  ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီလအတွင်းက လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း   ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏  သတင်းထုတ်ပြန်ချက်အရ သိရသည်။


ယခုနှစ်သည်    ဘရူနိုင်းနိုင်ငံနှင့်  တရုတ်နိုင်ငံ တို့အကြား    သံတမန်ဆက်ဆံရေးတည်ထောင်မှု  နှစ် ၃၀ ပြည့်သည့်နှစ်  ဖြစ်ကြောင်းလည်း ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 


ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်