တရုတ်နိုင်ငံက လှူဒါန်းသော ဆောင်းတွင်းသုံးထောက်ပံ့ရေးပစ္စည်းများ  အာဖဂန်နစ္စတန်သို့ ဒုတိယအကြိမ် ရောက်ရှိ

 

 

ကဘူးလ် ဒီဇင်ဘာ ၁၄
တရုတ်နိုင်ငံမှ လှူဒန်းလိုက်သော ဆောင်းရာသီသုံး    ထောက်ပံ့ရေး ပစ္စည်းများ ဒုတိယအကြိမ်အဖြစ်  အာဖဂန်နစ္စတန်သို့  ရောက်ရှိလာ ကြောင်း သိရသည်။
ထောက်ပံ့ရေးပစ္စည်းများ   လွှဲပြောင်း
အာဖဂန်   ဒုက္ခသည်များနှင့် နေရပ်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန    ဒုတိယဝန်ကြီး  အာဆလာခါရိုတီနှင့်   အာဖဂန် နစ္စတန်ဆိုင်ရာ တရုတ်သံအမတ် ကြီး ဝမ်ယုတို့က ထောက်ပံ့ရေး ပစ္စည်းများ   လွှဲပြောင်းပေးအပ်ရေးအခမ်းအနားသို့ တက်ရောက် ခဲ့ကြသည်။ 
ဆောင်းရာသီသုံး ထောက်ပံ့ရေးပစ္စည်းများထဲတွင်     စောင် ၇၀၀၀၀ နှင့် ကုတ်အင်္ကျီ ၄၀၀၀၀ ကျော်    ပါဝင်သည်။     အစား အသောက်များအပါအဝင် အခြား သော      ထောက်ပံ့ရေးပစ္စည်း များကိုလည်း   တရုတ်နိုင်ငံက ဆက်လက်     လှူဒါန်းသွားမည်  ဟု      အာဖဂန်နစ္စတန်နိုင်ငံ ဆိုင်ရာ  တရုတ်သံအမတ်ကြီးက ပြောသည်။
အခက်အခဲများ
ကျော်လွှားနိုင်ရေး
လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများမှ  အာဖဂန်နစ္စတန် နိုင်ငံ ကျော်လွှားနိုင်ရေးအတွက် တရုတ်နိုင်ငံက ကူညီရန် အဆင့် သင့်ရှိကြောင်း ပြောကြားခဲ့သည်။ 
ယခု   လက်ခံရရှိထားသည့်ထောက်ပံ့ရေးပစ္စည်းများကို နိုင်ငံ အနှံ့အပြားရှိ     ပြည်သူများကို ဖြန့်ဝေပေးသွားမည်   ဟုလည်း သိရသည်။                    ဆင်ဟွာ