
ကျိုချွမ် ဧပြီ ၇
တရုတ်နိုင်ငံသည် ကမ္ဘာမြေ စောင့်ကြည့်လေ့လာရေးဂြိုဟ်တုတစ်လုံးကို နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဧပြီ ၇ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တု Gaofen-3 03 အား လောင်း မာ့ချ်-၄ စီ ဒုံးပျံကို အသုံးပြု၍ ပေကျင်းဒေသစံတော် ချိန် နံနက် ၇ နာရီ ၄၇ မိနစ်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါဂြိုဟ်တု သည် သတ်မှတ်ထားသည့် ဂြိုဟ်တုပတ်လမ်းထဲသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဂြိုဟ်တုသည် ယုံကြည်စိတ်ချရပြီး တည်ငြိမ်၍ ကြည်လင်ပြတ်သားမှုမြင့်မားသော ပုံရိပ် များကို ဖမ်းယူရန်အတွက် ဂြိုဟ်တုပတ်လမ်းထဲတွင် Gaofen-3 နှင့် Gaofen-3 02 ဂြိုဟ်တုများနှင့် ချိတ်ဆက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အဏ္ဏဝါသဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးသက်သာရေး၊ ပြောင်းလဲနေသော အဏ္ဏဝါ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေး၊ အဏ္ဏဝါ သုတေသန၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ ရေထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနှင့် မိုးလေဝသ စောင့်ကြည့်ရေးတို့တွင် အဆိုပါ ဂြိုဟ်တုကို အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပင်လယ် ရေကြောင်းဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွား များကို ကာကွယ်ရန်အတွက်လည်း အဆိုပါ ဂြိုဟ်တု ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဂြိုဟ်တုလွှတ်တင်မှုသည် လောင်းမာ့ချ် သယ်ဆောင်ရေးဒုံးပျံများ၏ (၄၁၄) ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ