
ပေကျင်း ဇန်နဝါရီ ၂
တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ် အတွင်း ဘော့ဆွာနာနိုင်ငံသို့ Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ နှစ်သန်း လှူဒါန်းမည်ဖြစ် ကြောင်း ဘော့ဆွာနာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဇူဖန်က ဇန်နဝါရီ ၁ ရက်တွင် ကြေညာခဲ့သည်။
ယင်းလှူဒါန်းမှုသည် ဘော့ဆွာနာ နိုင်ငံသို့ ပထမဆုံးအကြိမ်လှူဒါန်းမှု ဖြစ်လာမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပို ဆောင်းထိုးနှံမှု အပါအဝင် နိုင်ငံ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုတွင် ဘော့ဆွာနာနိုင်ငံအား ထပ်မံ အကူအညီပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဝမ်ဇူဖန်က ဘော့ဆွာနာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
တစ်စိတ်တစ်ပိုင်းဖြစ်
တရုတ်နိုင်ငံက ဘော့ဆွာနာနိုင်ငံ သို့ Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ နှစ်သန်း လှူဒါန်းမည့် ဆောင်ရွက်ချက်သည် အာဖရိကတိုက်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ တစ်ဘီလီယံ ထပ်မံအထောက်အပံ့ပေးမည့် တရုတ် နိုင်ငံ၏ ကတိကဝတ် တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဘော့ဆွာနာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၁၉၅၀၉ ဦး၊ အဆိုပါရောဂါဖြင့် သေဆုံး သူပေါင်း ၂၄၄၄ ဦးရှိကြောင်း သိရသည်။ ဘော့ဆွာနာနိုင်ငံ၌ ၁၁၆၇၁၀၅ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း နှင့် ၁၀၃၂၅၈၄ ဦးသည် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်