
ရှီရွှမ်း ဇွန် ၂၂
တရုတ်နိုင်ငံသည် နိုင်ငံအနောက် မြောက်ပိုင်း ရှီရွှမ်းဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ ဇွန် ၂၂ ရက်တွင် အာကာသထဲသို့ ဂြိုဟ်တု သစ်တစ်လုံး လွှတ်လိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
တီယန်စင်း-1 အမည်ရှိ အဆိုပါဂြိုဟ်တုသည် သယ် ဆောင်ရေးဒုံးပျံ ခွိုက်ကျို့-1A ဖြင့် ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီ ၈ မိနစ်တွင် လွှတ်တင် ခဲ့ခြင်းဖြစ်ပြီး စီစဉ်ထားသည့် ပတ်လမ်းထဲသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုကို အာကာသပတ်ဝန်းကျင် စုံစမ်း ထောက်လှမ်းခြင်း ကဲ့သို့သော လက်တွေ့ စမ်းသပ်မှုများတွင် အဓိကထား အသုံးပြုသွားဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုလွှတ်တင်မှု သည် ခွိုက်ကျို့-1A သယ်ဆောင် ရေးဒုံးပျံများ၏ (၁၅) ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာ၏ အဆိုအရ သိရသည်။
ဆင်ဟွာ