
အူရမ်ချီ ဇွန် ၃၀
တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ရှင်ကျန်း အူရီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တပ်ခ်လီမန်ကန် သဲကန္တာရဖြတ် အဝေးပြေးလမ်းမသစ်ကို ဇွန် ၃၀ ရက်က ဖွင့်လှစ်လိုက်ပြီဖြစ် သည်။
အဆိုပါ အမြန်လမ်းသစ် သည် တရုတ်နိုင်ငံတောင်ပိုင်း ရှင်ကျန်းဒေသရှိ ကမ္ဘာ့ဒုတိယ အကြီးဆုံး သဲကန္တာရတစ်ခု ဖြစ်သည့် တပ်ခ်လီမန်ကန် သဲကန္တာရကို ဖြတ်သန်း၍ မွန်ဂို လီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဘရင်ဂိုလင်စီရင်စုရှိ ယူလီဒေသနှင့် ကီမိုဒေသတို့ကို ဆက်သွယ် တည်ဆောက်ထား ခြင်းဖြစ်သည်။
အဆိုပါ လမ်းသစ်သည် စုစုပေါင်း ၃၃၄ ကီလီုမီတာ ရှည် လျားပြီး ၃၀၇ ကီလိုမီတာမှာ သဲကန္တာရကို ဖြတ်သန်းတည် ဆောက်ထားခြင်းဖြစ်ပြီး တစ် နာရီလျှင် ကီလိုမီတာ ၆၀ မှ ၈၀ နှုန်းဖြင့် မောင်းနှင်နိုင်မည် ဖြစ်သည်။ ယခုအချိန်အထိ တပ်ခ်လီမန်ကန် သဲကန္တာရကို ဖြတ်သန်း တည်ဆောက်ထား သည့် လမ်းအရှည်မှာ ကီလို မီတာ ၁၂၀၀ အထိ ရှိလာပြီဖြစ် သည်။ အဆိုပါ အမြန်လမ်းသစ်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ အတွင်းက စတင်တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံ မှု ကုန်ကျစရိတ် ယွမ် ၁ ဒသမ ၇၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၅ သန်းခန့်)ကုန်ကျခဲ့သည်။
ယခုဖွင့်လှစ်သည့် အမြန်လမ်း သစ်သည် အကြမ်းဖျင်းအားဖြင့် ကီလိုမီတာ ၃၅၀ ခန့် ရှည်လျား သည့် ကီမိုဒေသနှင့် ဘရင်ဂိုလင် စီရင်စု၏ မြို့တော်ကော်လာတို့ အကြား ဆက်သွယ်ပေးမည့် အတို ဆုံး ဖြတ်လမ်းတစ်ခုလည်းဖြစ် သည်။ အဆိုပါ အမြန်လမ်း တည် ဆောက်ပြီးစီးမှုကြောင့် ဒေသများ အကြား ခရီးလမ်းကွာဝေးမှုကို လျှော့ချပေးနိုင်သဖြင့် ဒေသလူနေ မှုစရိတ်ကြီးမြင့်မှုနှင့် စိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့ရောင်းချမှု အခက်အခဲများကို ဖြေရှင်းနိုင်မည် ဖြစ်၍ ဒေသဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
ဆယ်စုနှစ် တစ်ခုအတွင်းမှာ ပင် မြို့တော်ကော်လာနှင့် ကီမို ဒေသတို့အကြား သွားလာရန် ယခင်က အချိန် သုံးရက်ခန့်မှ ၁၂ နာရီ ကျော်ကျော်အထိ လျော့ကျအောင်ဆောင်ရွက်နိုင်ခဲ့ပြီး ယခု အခါတွင် အချိန် ၆ နာရီသာ ကြာမြင့်တော့မည်ဖြစ်ကြောင်း ကီမိုဒေသခံ တာဆန်ဂျန် ဒါမန်းက ပြောသည်။
သဲကန္တာရ တစ်လျှောက် အဝေးပြေးလမ်းမကြီးကို တည် ဆောက်ရာတွင် မကြာခဏ သဲမုန်တိုင်းများ တိုက်ခတ်ခြင်း ကဲ့သို့ ပြင်းထန်သော ရာသီ ဥတုအခြေအနေများ၊ ရေ၊ လျှပ်စစ် မီး၊ ဆက်သွယ်ရေး ပြတ်တောက်မှု များနှင့် နေ့စဉ်ထောက်ပံ့မှုများရ ရှိမှု အားနည်းခြင်းများ ကြုံတွေ့ ခဲ့မှုကြောင့် စိန်ခေါ်မှုများစွာဖြင့် လုပ်ကိုင်ခဲ့ရကြောင်း အဆိုပါ အဝေးပြေးလမ်း စီမံကိန်းကို ဆောင်ရွက်ခဲ့သည့် တရုတ်ဆက် သွယ်ရေးနှင့် ဆောက်လုပ်ရေး ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဝမ်ယွန်ဖေးက ပြောကြားသည်။
အဝေးပြေးလမ်းကို သဲများ ဖြင့် ဖုံးအုပ်မသွားစေရေး ကြိုတင် ကာကွယ်နိုင်ရန်အတွက် မြက် ခင်း ဧရိယာ စတုရန်းမီတာ ၅၈ သန်းနှင့် လမ်းတစ်လျှောက် ကီလိုမီတာ ၉၀၀ ကျော်၌ အတားအဆီးများကို လည်း တပ်ဆင်ခဲ့ကြရသည်။
ကီမိုဒေသရှိ မွေးမြူရေး ကုမ္ပဏီတစ်ခုသည် နွားအကောင် ရေ ၆၀၀၀ ကျော်ကို မွေးမြူထား ပြီး အဆိုပါ လမ်းတည်ဆောက် ပြီးစီးမှုကြောင့် နွားတစ်ကောင် အတွက် သယ်ယူပို့ဆောင်ရေး နှင့် မွေးမြူရေးစရိတ်အတွက် ယွမ် ၁၀၀၀ နီးပါးသက်သာစေခဲ့ ပြီး မွေးမြူရေး ပမာဏကို တိုးချဲ့ ရန်အတွက် နောက်ထပ် ယွမ် သန်း ၅၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။ အမြန်လမ်းမကြီး ဖွင့်လှစ်လိုက် ခြင်းကြောင့် လမ်းကြောင်း တစ်လျှောက်ရှိ ဧရိယာများတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလည်း တိုးတက်လာတော့မည် ဖြစ် ကြောင်း အဆိုပါ ကုမ္ပဏီ၏ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ ဂွာချန်း လီက ဆိုသည်။
ဆင်ဟွာ