တရုတ်နိုင်ငံအရှေ့ပိုင်း၌ မသန်စွမ်းသူများအတွက်  အလုပ်အကိုင်အခွင့်အလမ်း ၁၄၀၀၀ ဖန်တီးပေးရန် စီစဉ်


 

နန်ကျင်း   မေ   ၁၇ 
တရုတ်နိုင်ငံအရှေ့ပိုင်း  ကျန်းစုပြည်နယ် သည်    ယခုနှစ်တွင်  မသန်စွမ်းသူများ အတွက်    အလုပ်အကိုင်    အခွင့်အလမ်း  ပေါင်း  ၁၄၀၀၀  ဖန်တီးပေးရန်  စီစဉ်နေ ကြောင်း ပြည်နယ်  မသန်စွမ်းသူများ အဖွဲ့၏ အဆိုအရ သိရသည်။ ထို့အပြင် အဆိုပါ   ပြည်နယ်သည်  မသန်စွမ်းသူ ၂၀၀၀၀   အတွက်    အသက်မွေးဝမ်း ကျောင်းဆိုင်ရာ   သင်တန်းများလည်း ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။ 
ကျန်းစုပြည်နယ်သည်   မသန်စွမ်းသူ များအား   ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်နိုင်ရန်အတွက်   စွန့်ဦး တီထွင် လုပ်ငန်း ၅၄ ခုနှင့် ထောက်ပံ့ရေး လုပ်ငန်း  ၁၁၇  ခုတို့ကို   ထူထောင်ထား ကြောင်း   မသန်စွမ်းသူများ  အဖွဲ့ချုပ်မှ  တာဝန်ရှိသူ   တစ်ဦးဖြစ်သူ   လီက ပြောကြားသည်။ 
ကိုဗစ်-၁၉  ရိုက်ခတ်မှုများရှိသော် လည်း   ကျန်းစုပြည်နယ်သည် စားနပ် ရိက္ခာထောက်ပံ့ရေးနှင့်   ထောက်ပံ့ငွေ ပံ့ပိုးပေးရေး  အပါအဝင်   အမျိုးမျိုးသော အစီအမံများကို  ထုတ်ပြန်ခဲ့သည်။ မြို့ပြ နှင့်ကျေးလက်ဒေသရှိ  မသန်စွမ်းသူများ အတွက်   အလုပ်အကိုင်အခွင့်အလမ်း ပေါင်း တစ်သန်းကို ၂၀၂၂ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားတွင်      ဖန်တီးပေးသွားမည်ဖြစ် ကြောင်း  တရုတ်နိုင်ငံ   ဗဟိုအစိုးရက   ထုတ်ပြန်သော    သုံးနှစ်စီမံကိန်းအရ    သိရသည်။                            
ဆင်ဟွာ