
ချန်းချောင်း မေ ၁
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်တွင် ဧပြီ ၂၉ ရက်က လူနေထိုင်ရာ အဆောက်အအုံ ပြိုကျမှု ဖြစ်ပွားပြီးနောက် မေ ၁ ရက် တွင် ပြည်သူ့လုံခြုံရေး အာဏာပိုင်များက လူကိုးဦး ကို ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။
ချန်းချောင်း မြို့တော် အတွင်းရှိ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ဝူ ဟု အမည်ရှိသည့် အဆောက် အအုံပိုင်ရှင်၊ အခြားအဆောက် အအုံ ဒီဇိုင်းတာဝန်ခံ သုံးဦး နှင့် ဆောက်လုပ်ရေး အမည်ခံ လွန်း၊ ဝရန်နှင့် ရှူဝဲ တို့ကို လူနေအိမ် အဆောက်အအုံ ပြိုကျရခြင်းနှင့် ပတ်သက်၍ သံသယရှိကြောင်း သိရ သည်။
အဆောက်အအုံ ပြိုကျမှု ဖြစ်ပွားခြင်းကြောင့် ငါးဦးကို ကယ်ဆယ်မှုများ လုပ်ဆောင် ခဲ့ပြီး ၂၃ ဦးမှာ ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရသည်။
အဆောက်အအုံ ပြိုကျမှု မှာ ဝမ်ချန်းခရိုင် ချန်းချောင်း မြို့တွင် ဧပြီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ အဆောက် အအုံ ပြိုကျမှုနှင့် ပတ်သက် ၍ နောက်ထပ်စုံစမ်းစစ်ဆေး မှုများ လုပ်ဆောင်နေဆဲဖြစ် ကြောင်း သိရသည်။
ဆင်ဟွာ