
ကူမင်း မေ ၁၃
တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းရှိ ရှင်းချောင် ကောင်တီ၌ နှစ်ပေါင်းသန်း ၄၀၀ ကျော် ကာလအတွင်း ပင်လယ် ကင်း၏ ကျောက်ဖြစ်ရုပ်ကြွင်း အသစ်တစ်ခုကို တရုတ်နိုင်ငံ သိပ္ပံ ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ ကြောင်း သိရသည်။
သိပ္ပံအကယ်ဒမီနှင့် ရှီအန်း ဘူမိဗေဒလေ့လာရေး စင်တာ အောက်ရှိ နန်ကျင်းဘူမိဗေဒနှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရပ် ဆိုင်ရာအဖွဲ့အစည်းမှ သုတေသီ များက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း မကြာသေးမီက မဲလီယို ဝေါ့ အကယ်ဒမစ်ဂျာနယ်တစ်ခု တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပင်လယ်ကင်း၏ ကျောက်ဖြစ် ရုပ်ကြွင်းမှာ မျိုးစိတ် ၁၇ မျိုးနှင့် မျိုးရိုး ၁၅ မျိုးပါဝင်ပြီး မျိုးစိတ် လေးမျိုးမှာ အသစ်များဖြစ် ကြောင်း ပီကင်းတက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သည့် ဝေရှင်း ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ရှာဖွေတွေ့ရှိမှုမှာ နှစ်ပေါင်း သန်း ၄၀၀ ကျော် ကာလအတွင်း တရုတ်နိုင်ငံ တောင်ပိုင်းရှိ အဏ္ဏဝါသက်ရှိများ အား စူးစမ်းလေ့လာရန် သုတေသီ များကို ကြီးမားသည့်အခွင့်အလမ်း တစ်ခုပေးလိမ့်မည် ဖြစ်ကြောင်း သိပ္ပံပညာရှင်က ပြောကြားခဲ့ သည်။
နှစ်ပေါင်း သန်း ၄၀၀ ကျော် ကာလအဆုံး အစုလိုက်အပြုံလိုက် မျိုးသုဉ်းခြင်းမတိုင်မီက တရုတ် နိုင်ငံတောင်ပိုင်း၌ ရွှေ့ပြောင်း အခြေချမှုဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ ကြောင်း ပင်လယ်ကင်းမျိုးစိတ် များ၏ ပျံ့နှံ့မှုအပေါ် အခြေခံ၍ ကောက်ချက်ချနိုင်ကြောင်း ဝေက ပြောကြားခဲ့သည်။
ဆင်ဟွာ