
ကူမင်း ဇန်နဝါရီ ၂
တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ် နင်လန်းဒေသ၌ ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၃ နာရီ ၂ မိနစ်တွင် မြေငလျင် လှုပ်ခတ်မှု ကြောင့် ၂၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသ အာဏာပိုင်များက ပြောကြားသည်။
ယင်းသို့ မြေငလျင်လှုပ်ခတ်မှုကြောင့် ယူနန်ပြည်နယ်ငလျင်ဗျူရိုက အဆင့် (၃) အရေးပေါ်တုံ့ပြန်ရေးကြေညာချက် ထုတ်ပြန် ခဲ့ပြီး မြေငလျင်လှုပ်ခတ်ရာဒေသသို့ အဖွဲ့ဝင် ၂၃ ဦးပါ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ ကြောင်း သိရသည်။
အဆိုပါမြေငလျင်သည် ယူနက်စကို ကမ္ဘာ့ အမွေအနှစ်နယ်မြေ လီကျန်းရှေးဟောင်းမြို့ နှင့် ကီလိုမီတာ ၁၁၀ အကွာတွင် လှုပ်ခတ်ခဲ့ ကြောင်းနှင့် အနက် ၁၀ ကီလိုမီတာ၌ လှုပ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း တရုတ်မြေငလျင်ကွန်ရက် စင်တာ(စီအီးအင်န်စီ)၏ ပြောကြားချက် အရ သိရသည်။
ယင်းမြေငလျင်လှုပ်ခတ်မှုကြောင့် ညနေ ၅ နာရီ မိနစ် ၄၀ အထိ လူသေဆုံးမှုနှင့် အဆောက်အအုံပြိုကျပျက်စီးမှု မရှိသေး ကြောင်းနှင့် လက်ရှိတွင် ကယ်ဆယ်ရေး လုပ်သားများသည် မြေငလျင်လှုပ်ခတ်မှု ကြောင့် ဖြစ်ပေါ်နိုင်သည့် လူအသေအပျောက် နှင့် ပျက်စီးမှုများကို စစ်ဆေးနေဆဲဖြစ် ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်