
နန်ချန် ဇွန် ၂၆
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၂၅ ရက် ညနေပိုင်းအထိ ရေဘေးသင့် ပြည်သူ ၂ ဒသမ ၀၅ သန်း နီးပါးရှိကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။
ပြည်နယ်ရေဘေးကယ်ဆယ်ရေးနှင့်မိုးခေါင်ရေရှားမှုထိန်းချုပ်ရေးဌာနချုပ်၏ အဆိုအရ ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ သည်းထန်စွာရွာသွန်းသည့် မိုးကြောင့် ပြည်နယ်အတွင်းရှိ ခရိုင် ၇၄ ခုတွင် လူဦးရေ ၃၀၂၀၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်လျက်ရှိသည်။ အလားတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကောက်ပဲသီးနှံ စိုက်ဧရိယာ ဟက်တာ ၁၅၀၀၀၀ ခန့်ပျက်စီးခဲ့ပြီး ယွမ် ၆ ဒသမ ၇၉ သန်း (အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၁ ဘီလီယံခန့်) ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့သည်။
ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် ရွက်ဖျင်တဲ၊ ခေါက်အိပ်ရာ၊ တဘက်စောင် နှင့် အဝတ်အစားများပါဝင်သည့် ကယ်ဆယ်ရေး ပစ္စည်း ၇၁၀၀၀ ခန့်ကို ဖြန့်ဝေထောက်ပံ့ပေးအပ် ထားပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြား သည်။
ဇွန် ၂၅ ရက် နံနက် ၁၀ နာရီမှစ၍ အဆိုပါ ပြည်နယ်အတွင်း ရေဘေးကာကွယ်ရေးဆိုင်ရာ အရေးပေါ် သတိပေးချက်အဆင့် နှစ်အထိ တိုးမြှင့် ထုတ်ပြန်ထားပြီး ဖြစ်သည်။
ဆင်ဟွာ