တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ်တွင် လမ်းပြိုကျမှုကြောင့် ၂၄ ဦး သေဆုံး

ကွမ်ကျို့   မေ   ၁
တရုတ်နိုင်ငံတောင်ပိုင်း      ကွမ်တုန်ပြည်နယ်တွင် မေ ၁ ရက် နံနက်ပိုင်းက အမြန်လမ်းပိုင်းလမ်းပြိုကျမှု ဖြစ်ပွားခဲ့ရာ ကားအစီးရေ ၂၀ ခန့် ပြုတ်ကျခဲ့ပြီး သေဆုံးသူဦးရေမှာ ၂၄ ဦး အထိရှိလာပြီဟု ဒေသခံ အာဏာပိုင်များကပြောသည်။ 
နောက်ထပ် ၃၀ မှာလည်း  ဆေးရုံတွင်   ဆေး ကုသမှုခံယူနေကြသည်။ အဆိုပါလူနာ  ၃၀  မှာ အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိကြောင်း အာဏာ ပိုင်များက ပြောသည်။ Meizhou-Dabu  လမ်းပိုင်း တွင် နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြိုကျသည့်အပိုင်းမှာ ၁၇ ဒသမ ၉  မီတာ ရှည်လျားကြောင်း တာဝန်ရှိသူများက ပြောသည်။ ဝေဟင်ဓာတ်ပုံများအရ အမြန်လမ်း၏တစ်ဖက်ခြမ်း တွင် လမ်းပြိုကျပြီး ကားများလျှောကျနေသည်ကို တွေ့မြင်ရသည်။ အဆိုပါမတော်တဆမှုတွင် အန္တရာယ် ရှိသော ဓာတုပစ္စည်းများ သယ်ဆောင်သည့်ယာဉ်ကြီး များ မပါဝင်ကြောင်း တာဝန်ရှိသူများက ပြောသည်။ 
တရုတ်နိုင်ငံတွင် မေလ ၁ ရက်မှစတင်သည့် ငါးရက်ကြာ  အားလပ်ချိန်ရာသီအတွင်း အမြန်လမ်း တစ်လျှောက် ယာဉ်သွားလာမှုများ ပို၍များပြားလာ သည်။  ဧပြီလအစောပိုင်းမှစတင်ကာ    စံချိန်တင်   မိုးရွာသွန်းမှုများကြောင့်    ကွမ်တုန်ပြည်နယ်တွင် ရေကြီးမှုနှင့်   မြေပြိုမှုများ    ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့သည်။         ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ