
ချုံချင်း ဇူလိုင် ၅
တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းမြို့ဖြစ်သည့် ချုံချင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားကာ ၁၅ ဦး သေဆုံးပြီး အခြား လေးဦး ပျောက်ဆုံးနေကြောင်း ဒေသအာဏာပိုင်များက ပြောသည်။
ပြီးခဲ့သည့်လကတည်းက ချုံချင်းမြို့နှင့် အနီး တစ်ဝိုက်တွင် မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပွား လျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများက ပြော သည်။ ဇူလိုင် ၃ ရက်မှ ၄ ရက်အထိ မိုးရွာသွန်းမှု နှင့် လေပြင်းတိုက်ခတ်မှုများကြောင့် ဒေသအနှံ့ အပြားတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အာဏာပိုင်များသည် ၎င်းတို့၏ သတိပေးမှု အဆင့်ကို မြှင့်တင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် လူပေါင်း ၄၀၀၀၀ နီးပါး ရေဘေးသင့် ခဲ့ကြောင်း ပြောသည်။ သမ္မတ ရှီကျင့်ဖျင်သည် သဘာဝဘေးအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရာတွင် အစွမ်းကုန်ကြိုးစားအားထုတ်ရန် တာဝန်ရှိသူများ ကို အမိန့်ပေးထားသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ အပါအဝင် ဘေးလွတ်ရာ ရွှေ့ပြောင်းသူများနှင့် ပျက်စီးနေအိမ် များ ပြန်လည်ပြုပြင်နိုင်ရန်အတွက် ယွမ် သန်း ၃၂၀ (အမေရိကန် ဒေါ်လာ ၄၄ သန်းခန့်) သုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။ ချုံချင်းမြို့တွင် ဇွန် ၃၀ ရက် ကလည်း အလားတူ သဘာဝဘေးအန္တရာယ်မျိုး ဖြစ်ပွားခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လူခြောက်ဦး သေဆုံးခဲ့ သည်။
အင်န်အိတ်ချ်ကေ