
ရှီကျားကျွမ် ဩဂုတ် ၁၁
တရုတ်နိုင်ငံမြောက်ပိုင်း ဟူပေ ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာရ သည့် သဘာဝဘေးများကြောင့် ဩဂုတ် ၁၀ ရက်အထိ ၂၉ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ပျောက်ဆုံး နေဆဲဖြစ်သည်ဟု ဒေသခံ အာဏာပိုင်များက ဩဂုတ် ၁၁ ရက်တွင် ပြောသည်။
ဩဂုတ် ၁၁ ရက် နံနက်ပိုင်း တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြည်နယ်အတွင်း ဒေသ၊ မြို့နယ်နှင့် ခရိုင် ၁၁၀ တို့တွင် မိုးအဆက်မပြတ်ရွာသွန်း မှုနှင့် ရေကြီးမှုများကြောင့် အပျက်အစီး ကြီးမားခဲ့ကြောင်း ဖော်ပြခဲ့သည်။ သယ်ယူပို့ဆောင် ရေး၊ ဓာတ်အားပေးစက်ရုံ၊ ဆက်သွယ်ရေးနှင့် ရေအရင်း အမြစ်လုပ်ငန်းများရှိ အခြေခံ အဆောက်အအုံများမှာ ရေကြီးမှု ကြောင့် ပျက်စီးခဲ့ရသည်။
ပြည်နယ်အတွင်း အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃၈ ဘီလီယံ ခန့် ဆုံးရှုံးနစ်နာခဲ့ရသည်။ ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံး မှုအလုံးစုံကို စိစစ်တွက်ချက် နေဆဲဖြစ်သည်။ ဩဂုတ် ၁၀ ရက် နေ့အထိ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၃ ဒသမ ၈၉ သန်းမှာ ရေဘေးဒုက္ခ ခံစားခဲ့ရသည်။
မြေဟက်တာပေါင်း ၃၁၉၇၀၀ ရှိ ကောက်ပဲသီးနှံများ ရေဘေး သင့် ခဲ့သည်။ လူနေအိမ်များရှိရာ ဒေသများတွင်လည်း ဆုံးရှုံးမှု များ ပေါ်ပေါက်ခဲ့သည်။ နေအိမ် ပေါင်း ၄၀၉၀၀ မှာ ရေဘေး ကြောင့် ပျက်စီးဆုံးရှုံးခဲ့ပြီး နေအိမ်ပေါင်း ၁၅၅၅၀၀ မှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရသည်။ မူလတန်းနှင့် အလယ်တန်း ကျောင်းပေါင်း ၁၁၅၀ လည်း ပျက်စီးခဲ့ရသည်။
ဆင်ဟွာ