
ဟူဘေး မေ ၃၀
တရုတ်နိုင်ငံ မြောက်ပိုင်း ဟူဘေးပြည်နယ်တွင် မင်မင်းဆက် (၁၃၆၈-၁၆၄၄) မှ ဗုဒ္ဓရုပ်ပွားတော် အဆူ ၂၀ ရှိသော လိုဏ်ဂူတစ်လုံးကို ရှာဖွေတွေ့ရှိကြောင်း ဒေသဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ကာကွယ်ရေးအာဏာပိုင်များက ပြောသည်။
၁၅၀၃ ခုနှစ်က တည်ဆောက်ခဲ့ပြီး အမြင့် မီတာ ၁၂၀၀ ရှိသော အဆိုပါ လိုဏ်ဂူသည် ဘေပန်းရွှီရွာ တောင်စောင်းတွင်တည်ရှိကြောင်း၊ အဆိုပါလိုဏ်ဂူ၏ အကျယ်သည် ၅ ဒသမ ၈ မီတာရှိပြီး အမြင့်မှာ ၂ ဒသမ ၈ မီတာရှိကြောင်း၊ ကိုယ်ဟန်အမူအရာ ကွဲပြားသော အဆိုပါ ဗုဒ္ဓကျောက်ဆင်းတုရုပ်ပွားတော် အဆူ ၂၀ သည် လိုဏ်ဂူအတွင်းရှိ ပန်းပုအောက်ခံ ကျောက်တုံးပေါ်တွင် တည်ထားကြောင်း သိရသည်။
အမြင့် ၂ မီတာနှင့် အကျယ် ၀ ဒသမ ၆၉ မီတာရှိသော ကျောက်စာတိုင် တစ်ခုကို လိုဏ်ဂူ၏အပြင်ဘက်တွင် တွေ့ရှိကြောင်း၊ သစ်ပင်များ ခုတ်ထစ်ရန်၊ တောင်ယာများ စိုက်ပျိုးရန်နှင့် ဗုဒ္ဓရုပ်ပွားတော်များ ဆောက်လုပ်ရန်အတွက် ဒေသခံမိသားစု၏ ဘိုးဘေးဘီဘင်များသည် အခြားရွာမှ ယခုရွာသို့ ပြောင်းရွှေ့လာခဲ့ကြသည်ဟု အဆိုပါကျောက်စာ တိုင်ပေါ်တွင် ကမ္ပည်းစာတန်းရေးထိုးထားကြောင်း ရှာဟီးစီးတီးရှိ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဖြစ်သူ ဟန်ဇီကျန်းက ပြောသည်။
ဆင်ဟွာ