
ဟီနန် ဇူလိုင် ၂၁
တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်း ခဲ့ရာ သေဆုံးသူ ၂၅ ဦးအထိ ရှိလာကြောင်းနှင့် ခုနစ်ဦးမှာ ပျောက်ဆုံးနေကြောင်း ဒေသအာဏာပိုင်များက သတင်းစာ ရှင်းလင်းပွဲတွင် ဇူလိုင် ၂၁ ရက်က ပြောကြားလိုက်သည်။
ဇူလိုင် ၁၆ ရက်ကတည်းက စတင်ကာ လူပေါင်း ၁ ဒသမ ၂၄ သန်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘေးဒုက္ခရောက်ခဲ့ပြီး ၁၆၄၇၁၀ မှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ဟီနန်ပြည်နယ် ဆိုင်ရာ ရေဘေးနှင့် မိုးခေါင်ရေရှား လျော့ပါးသက်သာရေးဆိုင်ရာ ဌာနချုပ်၏ ညွှန်ကြားရေးမှူး စူကျောင်းက ပြောကြားလိုက် သည်။
ဟီနန်ပြည်နယ် အစိတ်အပိုင်းအတော်များများတွင် မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီးနောက် ဆည်အကြီးအသေးစုစုပေါင်း ၁၆ ခုသည် ၎င်းတို့၏ သတိပေးရေမျက်နှာပြင်အမှတ်ကို ကျော်လွန်မြင့်တက် လာကြောင်း သိရသည်။
ဆင်ဟွာ