တရုတ်နိုင်ငံ GACC ၌ မှတ်ပုံတင်၍ ပြောင်းကုန်သည်များ ကုန်သွယ်မှုပြုနိုင်

 

ရန်ကုန်   ဇူလိုင်   ၂၁


ယခုနှစ်ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ ကုန်ပစ္စည်း ကုန်သွယ်ရေး ပို့ကုန်သွင်းကုန် စုစုပေါင်းတန်ဖိုးသည် တရုတ်ယွမ်ငွေ ၁၉ ဒသမ ၈ ထရီလီယံရှိပြီး ယမန်နှစ် ကာလ တူထက် ၉ ဒသမ ၄ ရာခိုင်နှုန်း တိုးတက် လာကြောင်း တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေး အာဏာ ပိုင်အဖွဲ့ (GACC)  ပြောဆိုခွင့်ရပုဂ္ဂိုလ်    Mr. Li Kuiwen က ယခုလအတွင်း ပြောကြား သည်။

 


မြန်မာနိုင်ငံ၌    ပြောင်းဖူးပေါ်ချိန် ရောက်ရှိလာတော့မည်ဖြစ်ပြီး    တရုတ် နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ် ရေး    အာဏာပိုင်အဖွဲ့   (GACC)   တွင် မှတ်ပုံတင်ထားသည့်  ကုမ္ပဏီများသည် နယ်စပ်ဂိတ်မှတစ်ဆင့်     တရုတ်နိုင်ငံသို့ ပြောင်းဖူးတင်ပို့နိုင်မည်ဖြစ်ကြောင်း သိရ သည်။   ထိုသို့   တင်ပို့ခြင်းဖြင့်   ကုန်စည် ပို့ဆောင်ရေး  ကုန်ကျစရိတ်လျှော့ချနိုင်ပြီး မြန်မာနိုင်ငံတောင်သူများ   ဝင်ငွေတိုးပွား လာစေမည်ဖြစ်ကြောင်း ၎င်းကပြောကြား ထားသည်။

 


တရုတ်နိုင်ငံသည် Industry chain တည်ငြိမ်ရေးကို     မြှင့်တင်လျက်ရှိပြီး အရေးကြီး  Industry  chain  supply chain လုပ်ငန်းများ၏ အာမခံလုပ်ငန်း ကို    ကောင်းမွန်စွာဆောင်ရွက်လျက်ရှိသည်ဟု    သိရသည်။   စားနပ်ရိက္ခာ တင်သွင်းမှု     အဆင်ပြေချောမွေ့ရေးနှင့် လာရာ    အရင်းအမြစ်အမျိုးစုံလင်မှုကို ဖော်ဆောင်ခြင်းဖြင့်          မြန်မာနိုင်ငံမှ ပြောင်းဖူး၊ မာလဝီနိုင်ငံမှ ပဲပိစပ်၊ ဘရာဇီး နိုင်ငံမှ  ပြောင်းဖူးနှင့်မြေပဲ  စသည်တို့ကို တရုတ်နိုင်ငံသို့တင်သွင်းရန်     အပင် ကျန်းမာရေးဆိုင်ရာ        လိုအပ်ချက် သဘောတူစာချုပ်အား လက်မှတ်ရေးထိုး ပြီးစီးခဲ့၍   RCEP   အဖွဲ့ဝင်နိုင်ငံများ၏ အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန် များ     တရုတ်နိုင်ငံသို့     တင်ပို့မှုကို ဖော်ဆောင်နိုင်ခဲ့သည် ဟု Mr. Li Kuiwen က ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက     သတင်းထုတ်ပြန်ထားသည်။                                          

သီရိ