တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် ၃၁ ဦး သေဆုံး

 

ပေကျင်း   ဇွန်    ၂၂
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း အသားကင်   စားသောက်ဆိုင် တစ်ဆိုင်၌  ဟင်းချက်ဂတ်စ်အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ  ၃၁   ဦး သေဆုံးပြီး ခုနစ်ဦး   ဒဏ်ရာရရှိ ခဲ့သည်ဟု သိရသည်။
ယင်ချွမ်းမြို့တွင်   ဇွန်   ၂၁ ရက်  ည  ၈  နာရီ   မိနစ်   ၄၀   က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု   ရုပ်သံတွင်   ဖော်ပြထား သည်။ ပေါက်ကွဲမှု   မဖြစ်ပေါ်မီ  နာရီဝက်အလိုက ဂတ်စ်ယိုစိမ့်မှုကို စားသောက်ဆိုင်   ဝန်ထမ်းတစ်ဦး  အနံ့ခံမိကြောင်း   ဂတ်စ်အိုးတိုင်ကီ ပေါ်ရှိ အဆို့ရှင်ကွဲနေသည်ကိုတွေ့ရှိခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။ 
အဆိုပါအဆို့ရှင်ကို    ဆိုင် ဝန်ထမ်းများက လဲလှယ်နေစဉ် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်း  ဖြစ် သည်။ အဆိုပါစားသောက်ဆိုင်မှာ ဒေသခံများကြားတွင် နာမည်ကြီး ပြီး ပေါက်ကွဲမှုဖြစ်ပွားချိန်က လူအုံ ကျနေသည့်  အချိန်ဖြစ်ကြောင်း မီဒီယာတွင်    ဖော်ပြထားသည်။ သေဆုံးသူအများစုမှာ အသက်ရှူ ကျပ်ပြီး သေဆုံးရခြင်းဖြစ်ကြောင်း သေဆုံးသူများတွင် အထက်တန်း ကျောင်းသားများနှင့် အငြိမ်းစား ဝန်ထမ်းများလည်း ပါဝင်ကြောင်း ကယ်ဆယ်ရေးသမားများက ပြော သည်။ 
စားသောက်ဆိုင်    မန်နေဂျာ အပါအဝင် ကိုးဦးကို ထိန်းသိမ်း ထားကြောင်းနှင့်      ပေါက်ကွဲမှု ဖြစ်ပွားရသည့်     အကြောင်းကို စုံစမ်းစစ်ဆေးသွားမည်ဟု  ဒေသခံ အာဏာပိုင်များက ပြောသည်။ 
အင်န်အိတ်ချ်ကေ