တရုတ်မှ ဆိုက်ရောက်လာမည့်သူများအတွက် ကိုဗစ်-၁၉ ဆိုင်ရာ အစီအမံသစ်များ ဥရောပနိုင်ငံများ ထုတ်ပြန်ကြေညာ

 

ပဲရစ်  ဒီဇင်ဘာ   ၃၁
တရုတ်နိုင်ငံ၌  ကိုဗစ်-၁၉ ရောဂါ  ထပ်မံကူးစက်ဖြစ်ပွားမှု  မြင့်တက်နေသည့်အတွက်  တရုတ်နိုင်ငံမှ ရောက်ရှိလာသောသူများအား ပိုမိုတင်းကျပ်သော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အစီအမံများကို ဥရောပ နိုင်ငံများက ချမှတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အင်္ဂလန်သို့  တိုက်ရိုက်လေကြောင်းလိုင်းဖြင့် တရုတ်ပြည်မကြီးမှ     ရောက်ရှိလာသောသူများ အတွက် ဗြိတိန်အစိုးရက  ကိုဗစ်-၁၉  ကပ်ရောဂါ ဆိုင်ရာ အစီအမံအသစ်များကို ဒီဇင်ဘာ ၃၀ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။  ထိုသို့  ထုတ်ပြန် ကြေညာချက်အရ ဇန်နဝါရီ ၅ ရက်မှ စတင်ကာ တရုတ်ပြည်မကြီးမှ    ရောက်ရှိလာမည့်သူများ အနေဖြင့်     ခရီးစဉ်မထွက်ခွာမီ    နှစ်ရက်အတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉  ရောဂါပိုး  ကူးစက် ခံရခြင်းမရှိသည့် စာရွက်စာတမ်းအထောက်အထား ကို ပြသရန် လိုအပ်ကြောင်း သိရသည်။ 
ဇန်နဝါရီ   ၈   ရက်မှစပြီး    နိုင်ငံအတွင်းသို့ ဆိုက်ရောက်လာသူ  နမူနာကို   ကိုရိုနာဗိုင်းရပ်စ် ဖြစ်နိုင်ခြေရှိသော မျိုးကွဲအသစ်များအတွက် စမ်းသပ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဗြိတိန်တာဝန်ရှိသူ များက  ပြောသည်။ ထို့အပြင်   ပြင်သစ်အစိုးရက လည်း    တရုတ်နိုင်ငံမှ   လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာမည့်သူများအား မထွက်ခွာမီ နှစ်ရက် အတွင်း ကိုဗစ်-၁၉ ပိုးမရှိကြောင်း စမ်းသပ်စစ်ဆေး ထားသည့်     စာရွက်စာတမ်းအထောက်အထား ပြသရန်  လိုအပ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ 
စပိန်အစိုးရကလည်း        တရုတ်နိုင်ငံမှ ဆိုက်ရောက်လာမည့်သူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါပိုး  မတွေ့ရှိကြောင်း   သို့မဟုတ်   ကိုဗစ် ကာကွယ်ဆေးထိုးနှံထားကြောင်း   အထောက် အထားပြသရန် လိုအပ်ကြောင်း အစီအမံသစ်များကို ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 
အီတလီနိုင်ငံကလည်း       တရုတ်နိုင်ငံမှ ဆိုက်ရောက်လာမည့်သူများအတွက်   ကိုဗစ်-၁၉ ရောဂါဆိုင်ရာ   အစီအမံသစ်များကို   ထုတ်ပြန် ကြေညာထားသည်။          အင်န်အိတ်ချ်ကေ