
ဖူကျိုး စက်တင်ဘာ ၂
တရုတ်နိုင်ငံအရှေ့ဘက် ဖူကျန့်ပြည်နယ် ကမ်းလွန် တွင် ၁၆ မဂ္ဂါဝပ် ကမ်းလွန်လေရဟတ် တာဘိုင်ကို တီထွင်ထုတ်လုပ်ပြီး တစ်ရက်အတွင်း လျှပ်စစ် ဓာတ်အား ယူနစ်အများဆုံးထုတ်လုပ်မှု ကမ္ဘာ့ စံချိန်သစ် တင်နိုင်ခဲ့ကြောင်း တာဘိုင်ထုတ်လုပ်ရေး ကုမ္ပဏီက စက်တင်ဘာ ၁ ရက်တွင် ပြောကြားသည်။
နေ့စဉ် ၃၈၄၁၀၀ ကီလိုဝပ်နာရီထုတ်ပေးမည်
တရုတ်နိုင်ငံ သရီးဂျော့ဂျက်ကော်ပိုရေးရှင်းမှ တည်ဆောက်သည့် ကမ်းလွန်လေရဟတ်တာဘိုင် သည် ၂၄ နာရီဆက်တိုက် အမြင့်ဆုံးဓာတ်အား ထုတ်လုပ်မှုအနေဖြင့် နေ့စဉ်လျှပ်စစ်ဓာတ်အား ၃၈၄၁၀၀ ကီလိုဝပ်နာရီ ထုတ်လုပ်ပေးမည်ဖြစ်သည်။
၎င်း၏ စွမ်းရည်အမြင့်ဆုံး၊ အကြီးဆုံး ရဟတ် အရွယ်အစားနှင့် ကမ္ဘာ့အပေါ့ပါးဆုံး မဂ္ဂါဝပ်ထုတ်လုပ် မှုအလေးချိန်ရှိပြီး အဆိုပါ လေရဟတ်တာဘိုင်သည် နှစ်စဉ်သန့်ရှင်းသော လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီပေါင်း ၆၆ သန်းကျော် ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ကုမ္ပဏီက ပြောကြားသည်။
ပင်မလျှပ်စစ်ဓာတ်အားလိုင်းနှင့်
ချိတ်ဆက်ပို့လွှတ်နိုင်ခဲ့
ယင်းလေရဟတ်တာဘိုင်ကို ဇွန်လနှောင်းပိုင်း တွင် တပ်ဆင်ပြီးစီးခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ စတင်ကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ ပင်မလျှပ်စစ် ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပို့လွှတ်နိုင်ခဲ့သည်။
ဆင်ဟွာ