တရုတ်ခရီးသွားများ ပြန်လည်ဝင်ရောက်လာမှုကြောင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အရှိန်အဟုန်မြင့်လာရန် မျှော်လင့်ချက်မြင့်မား

 

နွယ်နီလင်း

မျှော်လင့်ချက် ရောင်ခြည်
သုံးနှစ်ကြာ   ခေတ္တအနားယူပြီးနောက်   ထိုင်းနိုင်ငံ သည်   ၎င်းတို့၏ရွှေရောင်ကမ်းခြေများ၊ ထင်ရှား ကျော်ကြားသော ဘုရားကျောင်းများနှင့်   စျေးဝယ် စင်တာများသို့      တရုတ်ခရီးသွားများ     ပြန်လည် ဝင်ရောက်လာမှုကြောင့် ကပ်ရောဂါဒဏ်ခံနေရသော ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာရန် မျှော်လင့် ချက် ရောင်ခြည်သန်းလာပြီဖြစ်သည်။
“ဒါဟာ      ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ကျွန်တော်တို့နိုင်ငံခြားကို   ပထမဆုံးထွက်လာတဲ့ ခရီးစဉ်ပါ။   ကျွန်တော်တို့     အလွန်စိတ်လှုပ်ရှားပြီး ပျော်ပါတယ်။ ထိုင်းနိုင်ငံကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်” ဟု တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေး ပြည်နယ်   ဝူဟန်မြို့မှရောက်ရှိလာပြီး     တရုတ် နှစ်သစ်ကူးအားလပ်ရက်ကို  ထိုင်းနိုင်ငံ၌ ဖြတ်သန်း ရန်  စီစဉ်နေသူ လျူလင်းလင်က ပြောသည်။
ပထမဆုံး ပြည်ပခရီးစဉ်
ဘန်ကောက်တွင် ရက်အနည်းငယ်ကြာ နေထိုင် ပြီးနောက် ပင်လယ်ကမ်းခြေအပန်းဖြေစခန်းသို့   သွားမည့်     လျူနှင့်မိသားစုဝင်များသည်    တရုတ် နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက် များကို ဇန်နဝါရီ ၈  ရက်က ဖယ်ရှားလိုက်ပြီးနောက် ပထမဆုံး    ပြည်ပခရီးစဉ်အဖြစ်       ထိုင်းနိုင်ငံကို ရွေးချယ်ခဲ့သည့် တရုတ်ခရီးသွားများထဲတွင် ပါဝင် လာခဲ့သည်။ ဇန်နဝါရီ ၉ ရက်တွင် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့်        ပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ချားဝီရကူနှင့် အခြားအကြီးတန်း အရာရှိ များက    သုဝဏ္ဏဘူမိလေဆိပ်၌  ပထမဆုံး   တရုတ် ခရီးသွားအဖွဲ့အား  ပန်းစည်းများနှင့်  လက်ဆောင် များဖြင့်  ကြိုဆိုခဲ့သည်။   အဆိုပါအစီအစဉ်သည် ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး   ပြန်လည်ဦးမော့ လာစေရေး  အထောက်အကူဖြစ်စေရန် ထိုင်းနိုင်ငံ၏ ကြိုးစားဆောင်ရွက်မှုကို      ထင်ဟပ်စေကြောင်း လေ့လာသူများက ပြောသည်။
ရွှေရက်သတ္တပတ်  အားလပ်ရက်
ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေးဆိုင်ရာ အစီ အမံများကို     အကောင်းဆုံးပြင်ဆင်ပြီးနောက် ပထမဆုံး “ရွှေရက်သတ္တပတ်”  အားလပ်ရက်အတွင်း တရုတ်ခရီးသွားများအတွက် စျေးဝယ်စင်တာများ နှင့်အတူ    တရုတ်နှစ်သစ်ကူး     အငွေ့အသက်များ ဘန်ကောက်မြို့လယ်တွင် ပျံ့နှံ့နေသည်။
“တရုတ်နှစ်သစ်ကူး     ခရီးသွားတွေအတွက် အစားအသောက်တွေကိုလည်း     သေသေချာချာ ပြင်ဆင်ထားပြီး နိုင်ငံခြားကလာမယ့် ဖောက်သည် တွေကို     အမြဲတမ်းကြိုဆိုနေပါတယ်၊    တရုတ် ခရီးသွားတွေက ကျွန်ုပ်တို့နိုင်ငံ စီးပွားရေးအတွက် အဓိကမောင်းနှင်အားပါ။    တရုတ်ခရီးသွားတွေ ဒီနှစ်ပြန်ပြီး     ပြန်လာပြီဆိုတော့     ကပ်ရောဂါ မတိုင်ခင်ကလို ကျွှန်တော်တို့နိုင်ငံ ခရီးသွားလုပ်ငန်း က ကောင်းကောင်းလည်ပတ်နိုင်မယ်လို့   ထင်ပါ တယ်”   ဟု   ယာဝရတ်လမ်းရှိ   စားသောက်ဆိုင် တစ်ဆိုင်မှ စားဖိုမှူး နတ်သာပွန်က ဆိုသည်။
တရုတ်ခရီးသွားများ ပိုမိုလာရောက်ရန် မျှော်လင့်
နတ်သာပွန်တစ်ဦးတည်း          မဟုတ်ပါ။ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊  စားသောက် ဆိုင်များနှင့် အခြားသော ခရီးသွားလုပ်ငန်းရှင်များ ကလည်း    ယခုနှစ်အတွင်း    တရုတ်ခရီးသွားများ ပိုမိုလာရောက်ရန် မျှော်လင့်နေကြသည်။
တရုတ်ခရီးသွားများ       ပြန်ဝင်လာခြင်းသည် ထိုင်းနှင့်    ကမ္ဘာတစ်ဝန်းရှိ   ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာရန် မျှော်လင့်ချက်ကို  တိုးမြင့် လာစေသည်ဟု   ထိုင်းနိုင်ငံထိပ်တန်း    ကာစီကွန်း ဘဏ်၏       အကြီးတန်းဒုတိယဥက္ကဋ္ဌ     ဝီချိုင်း ကင်ချောင်ချွိုင်က ဆိုသည်။
ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍ
ပြန်လည်ကောင်းမွန်လာမည်
အလားတူပင် တရုတ်ခရီးသွားများ ပြန်ဝင်လာ ပြီးနောက် ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍသည် ပိုမို လျင်မြန်စွာ          ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ရကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ပုဂ္ဂလိက ကဏ္ဍ     ပြန်လည်ဦးမော့လာမှုနှင့်အတူ ထိုင်းနိုင်ငံ စီးပွားရေးလည်း  ကောင်းမွန်လာမည်ဖြစ်ကြောင်း    ထိုင်းနိုင်ငံဗဟိုဘဏ်၏    ငွေကြေးမူဝါဒ  ကော်မတီ အတွင်းရေးမှူး     ပီတီဒစ္စရာတက်ကလည်း    ပြော ကြားသည်။
တရုတ်ခရီးသွား ၁၀ သန်းအထိ 
ဝင်ရောက်ရန် မျှော်မှန်း
ထိုင်းအစိုးရသည်    ယခုနှစ်အတွင်း   တရုတ် ခရီးသွား   ၇ သန်းမှ ၁၀ သန်းအထိ ဝင်ရောက်ရန် မျှော်မှန်းထားပြီး   ပထမသုံးလပတ်တွင် သုံးသိန်း ခန့်ဝင်ရောက်မည်ဟု    ခန့်မှန်းထားသည်။    ၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း   ခရီးသွား ၄၂၈၀၀၀ သာ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်မူ ဒီဇင်ဘာတစ်လတည်းတွင် နိုင်ငံတကာခရီးသွား   ၂ ဒသမ ၂၄ သန်းကျော် ဝင်ရောက်ခဲ့ကာ တစ်နှစ်တာလုံး ခရီးသွား ၁၁ ဒသမ ၁၅  သန်းအထိ   ရှိခဲ့ကြောင်း   ထိုင်းနိုင်ငံခရီးသွား လုပ်ငန်းနှင့်    အားကစားဝန်ကြီးဌာနက   ဆိုသည်။ ၂၀၂၂    ခုနှစ်အတွင်း   ဝင်ရောက်ခဲ့သည့်    ပြည်ပ ခရီးသွားများအနက်   မလေးရှားနိုင်ငံမှ    ခရီးသွား ဧည့်သည်များသည် ပထမနေရာတွင် ရပ်တည်နေပြီး အိန္ဒိယမှ   ခရီးသွား   ၉၉၇၉၁၃ ဦး၊    စင်ကာပူမှ ၆၁၄၆၂၇ ဦးနှင့်   တရုတ်ခရီးသွား ၂၇၃၅၆၇   ဦး ရှိကြောင်း တရားဝင်အချက်အလက်များအရ သိရ သည်။   
၂၀၁၉  ခုနှစ်တွင်  ထိုင်းနိုင်ငံသို့   နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု သန်း ၄၀ နီးပါးအနက် တရုတ် နိုင်ငံမှ    ခရီးသွားဝင်ရောက်မှုသည်    လေးပုံတစ်ပုံ ကျော်ရှိခဲ့ပြီး     ထိုင်းနိုင်ငံ    ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉   ရောဂါ ကာလမတိုင်မီက  ဂျီဒီပီ၏ ၁၈ ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းပေးခဲ့ကြောင်း  အစိုးရ အချက်အလက်များအရ သိရသည်။
 စီးပွားရေးအတွက် တွန်းအားပေးနိုင်
“တရုတ်နိုင်ငံ        ခရီးသွားဝင်ရောက်မှုဟာ ကျွန်တော်တို့နိုင်ငံ စီးပွားရေးအတွက် ဘယ်လောက် အထိ တွန်းအားပေးနိုင်တယ်ဆိုတာ   ကပ်ရောဂါ ကာလက   သက်သေပါပဲ” ဟု   တရုတ်- ထိုင်း ခရီး သွားလုပ်ငန်း       မဟာမိတ်အဖွဲ့၏        ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ချနာပန်ခဲကလပ်ချိုင်းရဝပ်က ပြောသည်။
ပြင်ဆင်မှုများစွာ ပြုလုပ်ထား
ထိုင်းနိုင်ငံ     ခရီးသွားလုပ်ငန်း    အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် အချိန်ယူရနိုင်ပြီး တရုတ် ခရီးသွားများ    ပြန်လာသည်ကို     မြင်တွေ့ရသည့် အတွက်   များစွာဝမ်းသာမိကြောင်း   ချနာပန်က ပြောကြားပြီး     တရုတ်နိုင်ငံမှ    အဖွဲ့လိုက်ပြည်ပ ခရီးစဉ်များ ပြန်လည်စတင်ပြီးနောက် လာမည့်လ တွင် တရုတ်ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု မျှော်လင့်ကြောင်း၊   ခရီးသွားများဆွဲဆောင်နိုင်ရေးအတွက် ထုတ်ကုန် အမြောက်အမြားတိုးချဲ့ခြင်း၊ အဆင့်မြင့်ထုတ်ကုန်များ      ထုတ်လုပ်မှုနှင့်အတူ ကုန်စည်နှင့်        ဝန်ဆောင်မှုအရည်အသွေးများ မြှင့်တင်ပေးခြင်းအပါအဝင်      တရုတ်ခရီးသွား ဧည့်သည်များ        ပြန်လာခြင်းကို     ကြိုဆိုရန် ပြင်ဆင်မှုများစွာ       ပြုလုပ်ထားကြောင်း       ၎င်းက ဆိုသည်။        ။
ကိုးကား - ဆင်ဟွာ